FAKE 3 ( Unicode )

699 99 48
                                    


လူကိုဆွဲထားလို့လှည့်အကြည့်ပစ်ဝင်လာသောလက်သီးတစ်လုံးကအရှိန်းပြင်းစွာနှာခေါင်းဆီပစ်ဝင်လာသည်။
ပူခနဲခံစားလိုက်ရတုန်းသူ့ကိုတွန်းလှဲကာတက်ခွပြီးမျက်နှာတစ်ဖက်ဆီထပ်ထိုးခံ
လိုက်ရတော့သည်။

"နှာဘူးကောင်၊တဏှာရူးကောင်
ယောက်ကျားအချင်းချင်းဖင်ကိုင်တယ်
ဟိုတခေါက်ကခင်ဗျားကိုမမိလိုက်ဘူး
ဒီလက်ကတက်တူးကိုပဲမှတ်မိလိုက်တယ်
သေပေတော့ "

"ဆယ်ဟွန်း ဟေ့ကောင် တော်တော့
မင်းလူမှားနေပြီ လုပ်သွားတဲ့ကောင်က
ပြေးပြီ "

ဆယ်ဟွန်း သူငယ်ချင်းနှစ်ယောက်ကခုမှရောက်လာပြီးသူ့ကိုဆွဲထားကြသည်။ဆယ်ဟွန်းအထိုးခံလိုက်ရတဲ့နှာဘူးကောင်ကတော့နှာခေါင်းရိုးကျိုးသွားသလားမသိ။

Club ထဲရုတ်ရုတ်သဲသဲဖြစ်သွားတာမို့မန်နေဂျာပါရောက်လာသောအခါ Boss သူငယ်ချင်းဖြစ်သူအထိုးခံရတာမြင်လိုက်ရသည်မို့ပြသာနာကကြီးသွားရပြီ။

အခန်းကျယ်အတွင်းချန်းယောလ်မျက်နှာကသွေးတွေသုတ်ပြီးရေခဲအိတ်ကပ်နေရသည်။လူကလည်းပိန်ညောင်ညောင်နဲ့လက်သီးကအမတန်ပြင်းတာ။နှာခေါင်းရိုးကတဆစ်ဆစ်ဖြစ်နေသလိုနှုတ်ခမ်းလည်းပေါက်သွားကာပါးနှစ်ဖက်လည်းအထိုးခံရလို့မသက်သာပေ။ရေခဲအိတ်ကပ်နေရင်းဒေါသတွေထွက်ကာနီရဲနေသောကောင်လေးကိုကြည့်နေမိသည်။

"မင်းကအစ်ကို့သူငယ်ချင်းကိုမင်းတင်ပါးကို
ကိုင်တယ်ဆိုပြီးတပ်အပ်ပြောတယ်။ကိုယ်ထိလက်ရောက်လည်းကျူးလွန်တယ်၊မင်းသက်သေပြစရာရှိလား ညီလေးဒီပြင့်ဆိုအစ်ကိုတို့မင်းကိုရဲစခန်းပို့ရလိမ့်မယ် "

ချန်းယောလ် သူငယ်ချင်းကပြောနေရင်းစိတ်ထိန်းနေမှန်းသိသည်။ချန်းယောလ်ကနေပါဦးပြောလို့ရဲစခန်းမရောက်သေးတာ။
မိမိကတော့ကောင်လေးအထင်လွဲနေတာမို့ရှင်းပြချင်တယ်။ကောင်လေးကိုလည်းရဲစခန်းမပို့ချင်ပေ။အစပျိုးမဲ့
လမ်းကြောင်းလေးအပျက်ခံစရာလား။

"ဆယ်ဟွန်း မင်းတောင်းပန်လိုက်ကွာ
သူတို့တရားစွဲရင်မင်းနစ်နာမှာနော်
မင်းအခုလူမှားထိုးထားတာ၊ဘေးကသူတွေလည်းမြင်ထားတာ၊အခုအဲ့လူကိုလည်း CCTV ကြည့်ပြီးရှာခိုင်းနေပြီ။
မင်းမှားနေတာတောင်းပန်လိုက်ပါကွာ
ခေါင်းကြောမမာစမ်းနဲ့ ''

CHANHUN MINI STORY BOOK 1Where stories live. Discover now