ကိုကို - ၆

622 117 77
                                    


5:00 AM

First Alarm

တိတ်ဆိတ်နေသောအဆောင်တစ်ခုလုံး
အချက်ပေးအသံမြည်လာတာနဲ့နိုးထလာကြသည်။ချက်ချင်းထကာအိပ်ရာကိုလျှင်မြန်စွာ
သိမ်းပြီးသန့်စင်ခန်းဆီသုတ်ခြေတင်ပြေးကြသူများရှိသလိုငုတ်တုတ်ထထိုင်ပြီးပြန်ငိုက်
နေသူများလည်းရှိသည်။

စီနီယာတွေကတော့အထာကျွမ်းနေပြီမို့
စောလျှင်စွာပြင်ဆင်ပြီးကြပေမဲ့ဆယ်ဟွန်း
တို့လိုမနေ့တစ်နေ့ကမှရောက်လာသော
နှစ်တက်လေးတွေကပထမအချက်ပေးသံဝယ်မနိုးပေ။နိုးလာသူရှိလာကိုယ့်အိမ်မှာလို
ထင်မိကာယောင်ရမ်းကာနှိုးစက်ပိတ်ပြီး
ပြန်အိပ်သူများလည်းရှိသည်။
ထိုသို့ပြန်အိပ်သူများထဲတွင်ဆယ်ဟွန်းလည်း
ပါလေသည်။

5:10 AM

Second Alarm

ဆယ်မိနစ်သာခြားသောအချက်ပေးသံဝယ်
ငေါင်တောင်တောင်နဲ့ထထိုင်ကာငိုက်နေမိသည်။မနေ့နေ့လယ်ကမှသူအဆောင်စဝင်တာမို့သေချာမသိသေး။စည်းကမ်းချက်တွေ
ဖတ်ထားပေမဲ့မှတ်ညဏ်ကမမှတ်ထားမိ။
ထိုအခိုက်ဝီစီမှုတ်သံကြားလိုက်ရလို့မျက်လုံး
တွေပွတ်သပ်ကာဖွင့်ကြည့်မိသည်။

No. 094 ငိုက်မနေနဲ့ထတော့
မြန်မြန်ကိုယ်လက်သန့်စင်ပါ
၆ နာရီကွင်းထဲအရောက်နော်

မိမိနံပါတ်ကိုခေါ်ကာပြောနေသည်မို့
ဆယ်ဟွန်း ခင်မျာအငိုက်ပြေသွားပြီ။
ဝီစီသံကလည်းကျယ်လောင်လှသည်။
သူ့နည်းတူအမှတ်စဥ်တွေတန်းစီခေါ်လို့
မြန်မြန်လုပ်ဖို့ပြောခံရသူတွေအများကြီး။
အိပ်ရာမသိမ်းနိုင်မျက်လုံးကိုပွတ်သပ်ကာ
အိပ်ဖွင့်ရသည်။တစ်ကိုယ်ရည်သုံးပစ္စည်း
များထုတ်ကာအများသုံးရေချိုးဆောင်ကို
ပြေးရတော့သည်။

ယောက်ကျားလေးရေချိုးဆောင်မို့အကုန်က
ကိုယ်လုံးတီးချွတ်ချိုးနေကြသူတွေချည်း။
လွတ်သောနေရာကိုအမြန်ဝင်ကာချိုးဖို့လုပ်ရသည်။မနက်ဖြန်ကျရင်တော့ ပထမအချက်ပေးသံမှာတင်နိူးမှဖြစ်မယ်။လုပ်ရတာနောက်ကရဲလိုက်ဖမ်းလို့ပြေးနေရသူလို။
ဆယ်ဟွန်းဘေးဝယ်လူကောင်သေးသေးပုပုနဲ့တစ်ယောက်ကချိုးနှင့်နေပြီ။

CHANHUN MINI STORY BOOK 1Where stories live. Discover now