ကိုကို - ၁၃

562 83 41
                                    


ချန်းယောလ်ရေချိုးပြီးထွက်လာတော့
ကုတင်ပေါ်ဝယ်ထိုင်နေသောကလေးငယ်ကြောင့်သက်ပြင်းချလိုက်မိသည်။ဒီကောင်ငယ်လေးကထင်တာထက်ပိုခေါင်းမာပါလား။

"ဘာလို့ငါ့အခန်းထဲဝင်လာပြန်တာလဲ
ထွက်တော့... "

ချန်းယောလ်ပြောခါမှပိုဆိုးတော့သည်။
ထိုင်နေရာကနေလှဲပါအိပ်ချလိုက်တာ။

"အကို ကလည်းဘာလို့အတင်းနှင်ထုတ်
နေရတာလဲ၊တွန့်တိုလိုက်တာဗျာ "

သူ့ကိုခါးထောက်ကာကြည့်နေသောအကို့ကို
နှုတ်လှန်ပြန်ထိုးတော့မျက်မှောင်ထပ်ကျုံ
ကြည့်ပြန်သည်။ဒီအကိုကတော့ခက်နေပါပြီ။
သူပဲမပင်ပန်းသညိ့အတိုင်းဟန်ဆောင်နေတာ။ချစ်ရဲ့သားနဲ့ခက်တော့နေပြီအကိုရာ။

ကလေးငယ်အခန်းထဲကထွက်သွားမှသူအဝတ်လဲပြီးထွက်လာလိုက်သည်။သူ့အနေနဲ့ဆိုကောင်းတာမကောင်းတာတွေမတွေးအရသာလည်းမခံဘဲမြန်မြန်စားသောက်လိုက်ရင်ပြီးတာပဲ။အခုအိမ်ကိုကလေးငယ်ပြန်ရောက်နေပြီဆိုတော့သူဘယ်လိုစီမံပေးရမလည်း။
သူအလုပ်သွားရင်အဲ့ကလေးတစ်ယောက်တည်းကျန်ခဲ့မှာ။

အခန်းထဲကထွက်လာသောအကို့ကိုဆယ်ဟွန်းအသကုန်မျက်တောင်မခတ်တမ်းကြည့်
လိုက်သည်။မတွေ့ရတဲ့အချိန်ကလပိုင်းပေမဲ့
အလုပ်ဒဏ်ကြောင့်ပင်ပန်းနေပုံရသည်။
မနေ့ကဖျားထားတာတောင်တစ်ရက်လောက်တောင်မနားဘူး။အလုပ်မှအလုပ်ဖြစ်နေတာ
သူ့ကိုယ်သူတောင်ဂရုမစိုက်တော့ပုံ။

မိမိရှေ့ကိုအလျှင်အမြန်ရောက်ချလာကာ
ကုတ်အင်္ကျီကြယ်သီးကိုလာတပ်ပေးသူ
လေးကြောင့်ချန်းယောလ်ရင်တွေခုန်သွား
ရသည်။သူ့လက်ချောင်းသွယ်သွယ်လေးကို
ငုံ့ကြည့်ချိန်မော့ကြည့်ပြီးပြုံးပြလာသော
ကလေးငယ်ကြောင့်ချန်းယောလ်ရင်ခုန်သံ
ဝုန်းဒိုင်းကျဲကုန်ပြီ။

"ကြယ်သီးတောင်အစုံအစိမတပ်ဘူး။
အဲ့လိုပုံနဲ့အလုပ်သွားနေတာလား။အကိုက
အလုပ်ရှင်လေသပ်သပ်ရက်ရက်ဝတ်စား
ထားမှသင့်တော်မှာပေါ့။တကယ်ပါပဲ
တောင်းမှာအကွပ်၊လူမှာအဝတ်တဲ့စကားပုံ
ရှိတယ်လေ၊မဖြစ်တော့ပါဘူး။ကျွန်တော်
လုပ်ပေးမှဖြစ်တော့မယ်။ဒါနဲ့
အကိုအစားကောပုံမှန်စားရဲ့လား။မီးဖိုချောင်ထဲကြည့်လိုက်တာဘာမှမရှိလို့ကျွန်တော်
အဆင်ပြေတာလေးဝယ်ထားပြီးမနက်စာ
ချက်ထားတယ်။စားပြီးမှအလုပ်သွားရမယ် "

CHANHUN MINI STORY BOOK 1Where stories live. Discover now