လေလှိုင်းထဲကအမေ့အသံကဝမ်းနည်းမှု
တို့ကြီးစိုးလျက်၊ဖုန်းကိုင်ထားရင်း
ဆယ်ဟွန်းလက်တို့တုန်ရင်နေသည်။
အဖေဆုံးပြီတဲ့လေ။အဖေ့ကိုတောင်းပန်စကားတောင်သူမဆိုလိုက်နိုင်ဘူး။ဆယ်ဟွန်း
စကားပြန်မပြောနိုင်တော့မျက်ရည်တွေနဲ့
ဘာကိုမှမြင်နိုင်စွမ်းမရှိတော့။
သူနင့်နင့်သဲသဲရှိုက်ငိုသည်။သူ့ဘေးဝယ်
ဘတ်ဟျွန်းလာရပ်ကာသူ့ကိုဖက်ထားပေး
တာသိလိုက်သည်။"ငိုချလိုက် ဆယ်ဟွန်း
ဝမ်းနည်းနေရင်ငိုချလိုက်တာ
အကောင်းဆုံးဆေးပဲ၊မြိုသိပ်ထားရင်
ရောဂါဖြစ်မယ် ""ငါလေအဖေ့ကိုမတောင်းပန်လိုက်ရဘူး
မတောင်းပန်လိုက်ရဘူး ။
ငါကသားဆိုးသားမိုက်.... အဖေ့ကိုငါ
စိတ်ဆိုးနေတာ.... အား... အခုငါဘယ်လို
လုပ်ရမလည်း ဘတ်ဟျွန်း ရ.... "ယူကြုံးမရဖြစ်သောစိတ်နဲ့ဆယ်ဟွန်း
ဝမ်းနည်းမှုတို့မထိန်းနိုင်။အိမ်ပြန်ဖို့ဆရာတွေဆီခွင့်ပန်ရသည်။သူတစ်ယောက်တည်း
ပြန်ဖို့ကိုစိတ်မချဘူးဆိုကာဘတ်ဟျွန်းက
အဖော်လိုက်ပေးသည်။"ရပါတယ်ကွာ
ငါ့ဘာသာပြန်လည်းဖြစ်တယ်
မင်းကျောင်းပျက်နေပါ့မယ် ""ဘာလို့သူစိမ်းဆန်တဲ့စကားပြောတာလည်း
ဆယ်ဟွန်း ရာ မင်းအဲ့လိုပြောတော့ငါဝမ်း
နည်းတယ်၊ငါခင်သလောက်မင်းကမခင်သလိုခံစားရတယ် "ငြင်းမရသည့်အဆုံးဆယ်ဟွန်းအဖေ့အသုဘအတွက်အိမ်ခဏပြန်တဲ့ခရီးမှာဘတ်ဟျွန်းလိုက်ပါလာသည်။
အိမ်ကိုမသွားတော့ဘဲအဖေ့ရုပ်အလောင်း
ပြင်ထားရာ စန်းချွန် Funeral hall ကိုသာ
သူတို့တန်းသွားလိုက်သည်။ဘတ်ဟျွန်းပါလာလို့သာတော်သေးသည်။သူချည်းသာဆိုစိတ်နဲ့ကိုယ်မကပ်လို့အမှားတွေချည်း
ဖြစ်နေပြီ။လမ်းဖြတ်ကူးရင်ဆိုင်ကယ်နဲ့
တိုက်မိမလို့ဖြစ်တာဘတ်ဟျွန်းဆွဲထားပေလို့
ဘာမှမဖြစ်တာ။အသုဘအခမ်းအနားပြင်ထားရာအဆောက်
အအုံကြီးအတွင်းသူတို့လိုဘဲမျက်နှာမသာ
မယာနဲ့သူတွေအများကြီးတွေ့ရသည်။မြေညီ
ထပ်ရှိလမ်းညွှန်ရာဝန်ထမ်းကိုမေးပြီးအပေါ်
ထပ်သို့တက်လာလိုက်သည်။အဖေ့နာမည်ထိုးထားသောပန်းခွေများနဲ့ပန်းခြင်းတောင်း
များကသူ့ကိုဆီးကြိုနေသည်။လာရောက်ဂါရဝပြုနှုတ်ဆက်နေသူများကိုလက်ခံစကားပြောနေသောအကို့ကိုခန်းမအဝင်ဝ
တွင်ပင်တွေ့လိုက်ရသည်။
YOU ARE READING
CHANHUN MINI STORY BOOK 1
Short Story⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .