FAKE 6 ( Unicode )

731 89 27
                                    


ဆယ်ဟွန်း နိုးလာချိန်အသိကပ်ကာ
ဖြစ်ပျက်ခဲ့သမျှတို့ကိုပြန်ပြီးမြင်ယောင်
လာသည်။လူယုတ်မာကောင်ရဲ့မျက်နှာ
ကသူ့အာရုံထဲဝယ်အတော်ကြီးစိုးနေသည်။အခုမိမိဘယ်နေရာရောက်နေတာလည်း။
အချိန်ကရောဘယ်လောက်ဖြစ်နေပြီလည်း။ဘေးဘီမျက်စိကစားတော့ကျယ်ဝန်းသောအခန်းတစ်ခန်းထဲရောက်နေတာ။လှဲနေရာမှထထိုင်လိုက်သည်။မိမိအသားတွေကကိုင်ရိုက်ခံထားရသလိုနာနေသည်။

ထထိုင်ပြီးမိမိခန္ဓာကိုယ်အားနာကျင်နေလို့စစ်ဆေးဖို့ကြည့လိုက်ချိန်ခပ်ပွပွညဝတ်ဝမ်းဆက်ကမိမိကိုယ်ပေါ်နေရာယူလို့်။
ဟနေသည့်ကြားကရင်ဘတ်ဝယ်အညိုအမဲအရာတွေမြင်လိုက်ရလို့ကြယ်သီးတွေဖြုတ်ကာကြည့်လိုက်သည်။
ဖြူဖွေးသောမိမိအသားအရေထက်အရောင်ရင့်အမှတ်များစွာ။ဆယ်ဟွန်း အံကြိတ်ထားပြီးထရပ်ဖို့ကြိုးစားလိုက်သည်။
အနောက်ပိုင်းရပ်ဝန်းဆီကနာကျင်မှုက
ပြောမပြတတ်အောင်ခံစားလိုက်ရသည်။နာကျင်လို့အိပ်ရာထက်ခပ်ဖြည်းဖြည်း
ပြန်ထိုင်ချရင်းမိမိကိုထိုသို့နာကျင်မှုပေးခဲ့သူကိုဆဲရေးနေလိုက်တော့သည်။

တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့မမြင်ချင်သည့်လူဝင်လာတာ။ဆယ်ဟွန်းနာကျင်ရလို့မျက်ရည်ကျလာပြန်သည်။
သူအနိုင်ကျင့်ခံရပြီးပြီ။နောက်ထပ်တော့ထပ်အလုပ်မခံနိုင်။မျက်ရည်တွေကိုသုတ်နေဆဲသူကဘေးဝယ်လာထိုင်ပြီးဆယ်ဟွန်းလက်ကိုဖယ်ကာမျက်ရည်သုတ်ပေးဖို့်လုပ်သည်။

"အရမ်းနာနေလား
ကိုယ်မင်းသတိရလာဖို့စောင့်နေတာ
ဆေးသောက်လိုက်ရင်သက်သာသွားမှာ "

ဒီနေရာကထွက်သွားချင်ပြီ။
အခုနေလမ်းကြာကြာတောင်လျောက်ဖို့မလွယ်လောက်သောကိုယ့်အခြေအနေကိုတွက်ဆမိသည်မို့ဆယ်ဟွန်းသူပေးသောဆေးနဲ့ရေကိုယူသောက်လိုက်သည်။

"မင်းသတိလစ်သွားတာ
နေ့တစ်ဝက်စာကျော်နေပြီ
ဗိုက်ရောဆာနေပြီလား။မင်းတခုခုစားဖို့.... "

"ကျွန်တော်အိမ်ပဲပြန်ချင်တယ်။
ခင်ဗျား လိုချင်တာလည်းရပြီးပြီမလား
ပြန်ပို့ပေးပါ "

"အစားအရင်စားရအောင်
ဒါတွေနောက်မှပြောကြတာပေါ့... "

"ကျွန်တော် စားချင်စိတ်လည်းမရှိဘူး။
ပြန်သာပို့ပေးပါ။တောင်းပန်တာပါ... "

CHANHUN MINI STORY BOOK 1Where stories live. Discover now