ကိုကို - ဇာတ်သိမ်းပိုင်း

1.4K 81 70
                                    


ကိုယ်ချစ်နေရသူဆီကကိုယ့်ကိုချစ်နေပါတယ်ဆိုတာသိရတော့ဆယ်ဟွန်းစိတ်လေး
အတော်ပျော်ရွှင်သွားရသည်။ဒါပေမဲ့လည်း
အဆုံးစွန်ထိပျော်ရွှင်ခြင်းမဟုတ်ဘဲသူ့စိတ်
ထဲအနည်းလေးတော့မခံချိမခံသာဖြစ်နေဆဲဆိုမမှားပေ။ငါ့ကိုချစ်ရဲ့သားနဲ့မပြောဘဲ
နေနိုင်တဲ့ချစ်ရသူကြီးကိုစာရင်းရှင်းရမည်။
အနမ်းတွေလက်ခံရပြီးချစ်စကားတွေထဲ
စီးမြောကာရယ်အခန်းထဲဘယ်ပုံဘယ်နည်း
ပြန်ရောက်လာမှန်းတောင်မသိလိုက်တဲ့ထိ
သူယစ်မူးသွားသည်။အခုမှပြန်တွေးရင်း
ကိုကို့အပေါ်စိတ်ကလေးနည်းနည်းဆိုးချင်
လာသည်။ဆယ်ဟွန်းကသာအခုလိုတွေထမလုပ်ရင်အဲ့ကိုကိုကတစ်သက်လုံးဖွင့်ပြောမှာ
မဟုတ်။

"ကိုကို အိပ်ပြီလား "

နည်းနည်းလေးမှသည်းမခံချင်စိတ်လေးဖြစ်နေတဲ့ဆယ်ဟွန်းဘက်ကဘဲစပြီးအရင်စာပို့
လိုက်ပါတယ်။

*တောင်*

စာပြန်ဝင်လာတဲ့အသံကြောင့်ကြည့်လိုက်တော့

"အိပ်တော့မှာ ဟွန်းလေး
ဘာလုပ်မလို့လဲ "

အာ တကယ်ပဲ
ကိုကိုကနည်းနည်းလေးမှမ Ro တတ်လိုက်တာ။ဒီဦးလေးကြီးကတော့မဟုတ်သေးပါဘူး။

"မအိပ်သေးရင်ရန်တွေ့မလို့
ကျွန်တော်ဘက်ကပြောရမည့်စကားတွေ
ရှိတယ်။ခုပြောချင်တာ "

"မနက်မှပြောပါလား
ညည့်နက်တဲ့အထိမနေသင့်ဘူး
အိပ်တော့ ...."

ကိုကိုပြောသလိုလိုက်နာမယ်ထင်လား။
ဝေးသေး။ချက်ချင်းဘဲကိုကို့အခန်းတံခါးဝရှေ့တောင်သူရောက်လာပြီ။စိတ်ရှည်သည်းခံမနေချင်တော့ဘူး။သူကသွေးအေးပေမဲ့
ဆယ်ဟွန်းဘက်ကသွေးမအေးနိုင်ဘူး။

* ဒေါက်... ဒေါက် *

အခန်းတံခါးခေါက်သံကြောင့်အိပ်ရာထက်လှဲနေပြီဖြစ်သောချန်းယောလ်တံခါးထဖွင့်ရတော့သည်။တံခါးဖွင့်လိုက်တာနဲ့သူ့ကိုတိုးတိုက်ကာအခန်းထဲဝင်လာသောကလေးငယ်။

"အိပ်တော့ဆိုတာစကားနားမထောင်တာလားဟွန်းငယ် "

"မအိပ်ချင်သေးဘူး။ပြီးတော့ကိုကို... "

CHANHUN MINI STORY BOOK 1Tahanan ng mga kuwento. Tumuklas ngayon