ချန်းယောလ် ကားမောင်းလာရင်းအတွေးထဲပေါ်လာတာကဟွန်းငယ်လေးမျက်နှာ။ကလေးငယ်အပေါ်ထားရှိတဲ့အစ်ကို့ချစ်ခြင်း
တွေကညီငယ်လေးတစ်ယောက်ထက်မပိုဘူး။ဘာလို့များမဖြစ်နိုင်တာတွေကိုရှေ့ဆက်တိုးချင်ရတာလည်း။ပင်ပန်းပါတယ်ကလေးငယ်။လှမ်းကြည့်လိုက်တဲ့အေးစက်စက်အကြည့်တွေကြားနားလည်ဖို့ခက်တဲ့အကြည့်တွေ
ရောပြွန်းနေတဲ့ကလေးငယ်တစ်ယောက်ရဲ့
အကြည့်ကိုချန်းယောလ်အစကနားမလည်
နိုင်ခဲ့ဘူး။ဒီအရွယ်ကလေးတွေကိုင်တွယ်ရခက်တာကိုနားလည်လို့အရမ်းမတင်းကြပ်ဖို့
ဆယ်ယောင်းကိုပြောမိသည်။အေးတိအေးစက်နဲ့ဂျစ်ကန်ကန်ကောင်လေး
ကိုကိုင်တွယ်ကြည့်ဖို့အနီးကပ်ဆုံးနေရာကို
သူရောက်လာတယ်ဖုံးကွယ်ပိတ်ထားတဲ့စိတ်တံခါးပေါက်ကိုဖွင့်ကြည့်နိုင်ခဲ့တယ်။အနာသိရင်ဆေးရှိတယ်ဆိုတဲ့စကားပုံကဒီနေရာမှာလွဲတော့တာပဲ။အနာသိပေမဲ့ကုသဖို့ဆေးကမဖြစ်နိုင်ဘူးမလား။ကလေးငယ်ရဲ့ရောဂါက
သူ့အပေါ်အရောင်ဆိုးထားတဲ့စိတ်လေး
ရှိနေခဲ့တာ။သူ့အချစ်နဲ့မှပျောက်ကင်းနိုင်မည့်ရောဂါမျိုးဖြစ်လို့နေတာ။ရှေ့ဆက်မတိုးချင်ပါနဲ့ကလေးရေလို့သာ
တီးတိုးရေရွတ်မိတော့သည်။အနာသိပေမဲ့
ဆေးမရှိတဲ့ဒဏ်ရာဆိုတော့အစ်ကို့အနေနဲ့
ကုသပေးဖို့မဖြစ်နိုင်ဘူး။နောက်လထဲသူတို့
လက်ထပ်ပြီးရင်တခြားမြို့ကိုပြောင်းရွေ့
သွားမှာဆိုတော့ကလေးငယ်ရဲ့ဒဏ်ရာတွေ
ကျက်သွားစေဖို့သာမျှော်လင့်မိတော့သည်။မရောက်ချင်သောနေ့ကိုရောက်လာဖို့သိပ်မလိုတော့။ဆယ်ဟွန်းအိမ်မှာလည်းနေချင်စိတ်
မရှိတော့ဘူး။နောက်ရက်အနည်းငယ်ဆို
သူတို့လက်ထပ်ကြတော့မယ်။ဘယ်လိုစိတ်နဲ့
နေထိုင်ပြီးသူတို့လက်ထပ်ပွဲကိုတက်ရမလည်း။ဆယ်ဟွန်းရင်ထဲအတော်နာကျင်နေသည်။မင်ဟွန်းပို့ထားသောလိပ်စာဆီသူထွက်လာ
လိုက်သည်။တိတ်တိတ်ပုန်းကျင်းပသော
ညပါတီ။အပေါက်ဝမှာမင်ဟွန်းထွက်စောင့်
နေတော့အမေးအမြန်းမရှိဝင်လို့ရသည်။
ပါတီထဲကြည့်တော့သူ့အတွဲနဲ့သူသာသာယာယာရှိနေကြတာ။မင်ဟွန်းကလည်းသူ့အဘိုးကြီးပေါင်ပေါ်တက်ထိုင်ကာကဲသဲလို့မဆုံး။
ဆယ်ဟွန်းသာကြောင်တောင်တောင်နဲ့သောက်စရာယူကာဟိုဒီငေးနေလိုက်သည်။
YOU ARE READING
CHANHUN MINI STORY BOOK 1
Short Story⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .