Secretary Oh - Ending ( Unicode )

1.1K 90 32
                                    

အခုထိရေရေရာရာမရှိသေးသောအနေအထားတစ်ခု

ကျွန်တော်ဘာကြောင့်သူပြောတဲ့အတိုင်းခေါင်းညိတ်ခဲ့မိလည်း

ကျွန်တော်နဲ့သူကဘယ်လိုပတ်သက်မှုလည်း

ချစ်သူတွေလားမေးရင်လည်းမဟုတ်သေးဘူးလို့ဘဲဖြေရမယ်

ဟန်ဆောင်တွဲတဲ့ရည်းစား

ဒါပေမဲ့လည်းအခုလက်ရှိအတူနေနေတယ်။

ရေရာတဲ့အနေအထားမရှိပဲကျွန်တော်နဲ့သူတစ်အိမ်တည်း
တစ်ကုတင်တူတူအိပ်နေတယ်။

မသိဘူး။

ကျွန်တော်ဘာမှရေရာမသိဘူး။

ကြီးမားကျယ်ဝန်းတဲ့ကွန်ဒိုခန်းဝယ်
master bedroomနဲ့အခန်းသေးတစ်ခန်းပါတယ်။သို့ပေမဲ့အခန်းကျယ်ထဲ
နှစ်ယောက်တူတူသုံးကြတယ်ဆိုပါတော့။လူလေးယောက်လောက်တူတူလှဲလို့ရမည့်ကုတင်ကြီးထက်ကျွန်တော်နဲ့သူက
ကြပ်ညပ်စွာပူးပူးကပ်ကပ်အိပ်ရတယ်။
ခြားအိပ်ရင်သူအထီးကျန်သလိုခံစားရတယ်ပြောလို့ပူးကပ်အိပ်ရတယ်။

နှစ်ယောက်တူတူနေမှသိလာရတာက
ချန်းကနွေးထွေးမှုလိုအပ်နေသူဆိုတာပါပဲ။လုပ်ငန်းကြီးကိုဦးဆောင်အုပ်ချုပ်
နေရတယ်။သူ့လက်အောက်ကဝန်ထမ်းအများကြီးကသူ့ကိုမှီခိုနေရတာ။ကြီးမားတဲ့လုပ်ငန်းဆောင်ရွက်ချက်တွေ၊
ဆုံးဖြတ်ချက်တွေကိုသူတာဝန်ယူဖြေရှင်းနေရတာ။အရင်ကသူ့အပေါ်ကျွန်တော်အဆိုးမြင်ခဲ့မိတယ်။တကယ်တမ်းသိလာရချိန်
သူ့အပေါ်သနားမိတယ်။
အဲ့လိုပြောလို့မင်းကဘာကောင်မို့
လည်းဘာအနေအထားမို့သူ့ကိုသနားတယ်ပြောရသလည်းပြောကြမယ်။ဒီတိုင်းစိတ်ပင်ပန်းနေတဲ့သူ့အတွက်အပန်းဖြေ
ပေးနိုင်မည့်သူဖြစ်ချင်တာ။

" ဘာတွေချက်နေတာလည်း "

ဟင်းချက်နေတဲ့ကျွန်တော့်ကိုနောက်ကျောကနေသိုင်းဖက်ကာမေးလာတာ။

"ချန်း အကြိုက်တွေ့ပါ့မလားတော့မသိဘူး။
ကျွန်တော်ချက်တတ်သလောက်ချက်နေတာ။
ဒီရောက်တည်းကအပြင်စာတွေချည်းမှာစားနေရတာမို့အပြောင်းအလဲဖြစ်အောင်ချက်လိုက်တာ "

သူဟင်းကိုခပ်စားနေချိန်ဆယ်ဟွန်းမစားနိုင်သေး။ကိုယ့်လက်ရာကိုသူခံတွင်းတွေ့ပါ့မလားစိုးရိမ်နေတာ။

CHANHUN MINI STORY BOOK 1Where stories live. Discover now