ကိုကို - ၈

670 130 77
                                    


*မမြင်ရတာကြာခဲ့ပြီ
ပြန်တွေ့ရင်ပျော်မှာလားလေ *

သူကြည့်ရတာမပျော်တဲ့ပုံ
ချန်းယောလ် ထိုင်စောင့်နေရင်းသက်ပြင်း
ချလိုက်သည်။အကို့ကိုမချစ်တော့ဘူးလားဟွန်းလေး။ဆယ်ကျော်သက်အရွယ်ရဲ့စိတ်ကစားမှုကတိမ်တိုက်တွေနဲ့အလား
သဏ္ဍန်တူပုံရတယ်ဆိုတဲ့စကားကမှန်ပြီ
ထင်ပါရဲ့။ပွေ့ချီလာတဲ့ကောင်သေးလေးနဲ့
ရည်ငံနေကြတာများလား။မတွေ့ရတဲ့လ
တွေအတွင်းအရပ်လည်းပိုရှည်လာသလို
ကိုယ်ခန္ဓာကအစထွားတက်လာသည်။
ကြည့်ရတာအားကစားလည်းလုပ်ပုံရသည်။
ခြေသံလေးကြားလို့သူခေါင်းငုံ့နေရာက
မော့ကြည့်လိုက်သည်။မြင်ကွင်းရှေ့ရောက်လာသောကောင်လေး။

"အဖေမအားလို့အကိုလာတာလား "

"အင်း ဆိုပါတော့
စာရောလိုက်နိုင်တယ်မလား ဟွန်းလေး "

"လိုက်နိုင်ပါတယ်။ဒါနဲ့မမရောနေကောင်းရဲ့လား။အမေတို့ကလည်းဖုန်းမခေါ်ကြတော့
သာကြောင်းမာကြောင်းတောင်မေးလို့မရဘူး။ကျွန်တော်ကလည်းမခေါ်ဖြစ်တော့.... "

"ဟွန်းလေး ...."

စကာမဆက်ဘဲနေနေသောအကို
ဘာအကြောင်းရှိလို့သူလာတာလည်း။
ရင်ထဲထိတ်ခနဲ့ဖြစ်သွားရသည်။

"ဟွန်းလေးဖေဖေနေမကောင်းဖြစ်နေလို့
အကိုလာပေးတာ..... "

"ဗျာ အဖေနေမကောင်းဘူး။
အခြေအနေဆိုးလို့လား "

"အဖေလေဖြန်းပြီးသွားပြီမို့ဦးနှောက်လည်း
သွေးခဲသွားလို့ဆေးရုံတင်ထားရတယ်။အကိုအလုပ်ထွက်ပြီးဟွန်းလေးတို့အလုပ်ကိုလက်လွဲယူပြီးလုပ်နေရတယ်။ဟွန်းလေးသိထားသင့်တယ်ထင်လို့အစ်ကိုလာပြောရတာ။
စိတ်လည်းအရမ်းမပူပါနဲ့အမြန်ဆုံးပြန်ကောင်းအောင်သေချာကုနေတယ်... "

မျက်နှာလေးညိုးကျသွားသောကောင်လေး
ကိုကြည့်ပြီးချန်းယောလ်လည်းစိတ်မကောင်းဖြစ်မိသည်။ဒါပေမဲ့ပြောပြထားသင့်တယ်မလား။အကယ်၍များယောက်က္ခမကြီးသာ
တိမ်းပါးသွားခဲ့ရင်အဲ့ချိန်ကျမှသတင်းပြောရင်စိတ်မကောင်းပိုဖြစ်သွားမယ်။

"အမေနဲ့မမရောနေကောင်းကြတယ်မလား "

"ကောင်းတယ် ဟွန်းလေး
အမေကဟွန်းလေးအတွက်စားစရာတွေ
ထည့်ပေးလိုက်တယ် "

CHANHUN MINI STORY BOOK 1Where stories live. Discover now