Secretary Oh -1 ( Zawgyi )

748 70 81
                                    


CEO ပတ်ချန်းယောလ်

ဆိုင်းဘုတ်တပ်ထားသောရုံးခန်းရှေ့မိမိမှာအခန်းထဲဝင်ဖို့
စိုးရွံနေသည်။အလုပ်စဆင်းတာသုံးလကျော်ပဲရှိသေး
အခုမှမိမိအလုပ်ရှင်သူဌေးနဲ့လူချင်းတွေ့ရမှာ။
စိတ်လှုပ်ရှားလျှင်လက်သီးဆုပ်ကာပါးစပ်နဲ့ကပ်ထားသော
အကျင့်အရလုပ်နေမိပြန်သော ဆယ်ဟွန်း

မိမိအားရှေ့မှစီနီယာအစ်မကြီးကသင်ပြပေးထားသော်ငြား
ကြောက်နေတာတော့အမှန်။မွေးခါနီးပြီမို့ခွင့်ယူတော့မည့်
အစ်မ နာမီဆွန်းရဲ့သင်ပြမှုနဲ့အခြေအနေကတော့သိပ်မဆိုးလှ။ခက်နေတာကသူဌေးရဲ့သတင်းကကုမ္ပဏီအတွင်း
သတင်းမွှေးလွန်းလှသည်။စည်းကမ်းတင်းကြပ်ကာ
ဘာမဆိုတိကျလွန်သည်။သူစိတ်တိုင်းမကျလို့်အတွင်းရေးမှူး
ရာထူးကနေထုတ်ပယ်လိုက်သူတွေကမနည်းပေ။အစ်မ
နာမီဆွန်းတောင်သူနဲ့အတော်အဆင်ပြေလို့မထုတ်တာ။
အစ်မခင်မျာလည်းလက်ထပ်တာတောင်တစ်ပတ်ပဲခွင့်ရရှာ
သည်။သူဌေးကလည်းဒီလူသဘောကျမိရင်းဒီလူမှဒီလူ
ဆိုတော့အစ်မကအကုန်စီစဉ်ပေးရသည်။

ဆယ်ဟွန်းကပြောရမယ်ဆိုအလုပ်ထဲပညာသင်အနေနဲ့
ရောက်လာသူ။ဝန်ထမ်းအသစ်လေးပေါ့ဆင်းတာမှသုံးလပဲ
ရှိသေး။အခုလိုအတွင်းရေးမှူးဖြစ်လာမယ်လို့သူလုံးဝမတွေး
ထားမိ။အလုပ်ဝင်တာသိပ်မကြာသေးတဲ့သူ့ကိုဒီနေရာပေးတာ
တော်လွန်းလို့တော့မဟုတ်။ဌာနကမန်နေဂျာကမှာလိုက်သည်။အမြဲတမ်းဝန်ထမ်းဖြစ်ချင်ရင်အခုလုပ်ခိုင်းမည့်သူဌေး
အတွင်းရေးမှူးနေရာကိုသုံးလအဆင်ပြေအောင်လုပ်နိုင်ရင်
ရပြီလို့ပြောလာခဲ့သည်။နာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီ
ဆိုတော့လစာကလည်းကောင်းသည်။သူအမြဲတမ်းဝန်ထမ်း
ဖြစ်ဖို့စာချုပ်ဆက်ချုပ်ချင်သည်။သာမန်မိသားစုက
သားအလတ်ဖြစ်သောသူသည်အလတ်ထုံးစံမိသားစုက
သူ့အတွက်ဆိုသိပ်မကြည့်ကြတော့တက္ကသိုလ်ပညာဆုံးခန်း
တိုင်ဖို့်ယူထားရသောကြွေးမြီးများရှိသည်။လခကောင်းတော့
အကြွေးကျေဖို့လွယ်သည်။အဲ့တော့အမြဲတမ်းဝန်ထမ်းဖြစ်ဖို့
သူကြိုးစားဖို့ပဲရှိတော့သည်။

ဖိုက်တင်း အိုဆယ်ဟွန်း မင်းလုပ်နိုင်မှပါ

ရုံးခန်းရှိရာသို့သူဌေးတက်လာနေပြီလို့အင်တာကွန်းမှတဆင့်
ကြားလိုက်ရတော့ဆယ်ဟွန်းတစ်ယောက်စိတ်လှုပ်ရှားစွာ
အရန်သင့်အနေအထားနဲ့မတ်တပ်ရပ်လို့နေနေလိုက်သည်။
အစ်မမီဆွန်းကသူ့ကိုသူဌေးနဲ့မိတ်ဆက်ပေးပြီးရင်အလုပ်
ဆင်းတော့မှာ။

CHANHUN MINI STORY BOOK 1Onde as histórias ganham vida. Descobre agora