ကိုကို - ၂

655 121 24
                                    


ကိုကို ဆိုတဲ့ ဝဋ်ကြွေး ကသိပ်လှပတယ်။

နောင်သံသရာအထိတောင်အဲ့ဝဋ်ကြွေး
ဆိုတာကြီးထဲအရူးလိုကျွန်တော်
ရုန်းမထွက်ချင်ဘူး။

ကိုကို အပြုံးတစ်ချက်ကျွန်တော့်ကမ္ဘာမှာ
တေးဌက်တွေသီကျူးလို့ပန်းတွေပွင့်တယ်။

ကိုကိုကနွေဦးရဲ့ညနေခင်းလိုပဲကျွန်တော့်ရင်ထဲနွေးထွေးစေပြီးလေပြေညှင်းလေးလိုလည်းအေးမြစေပြန်ရော။

ဝဋ်ကြွေး ဆိုတဲ့ခေါင်းစီးအောက်ကျွန်တော်က
ပျော်ရွှင်နေခဲ့တယ်။

><><><

မမကကိုကို့ကိုအိမ်မှာသူငယ်ချင်းလို့မိတ်ဆက်ပေးပြီးနောက်အခြေအနေတွေပြောင်း
သွားခဲ့ပြီ။ကိုကို့ဆီညီလေးဆိုတဲ့နာမ်စား
သတ်မှတ်ချက်နဲ့အတည်တကျခေါ်ခြင်း
ခံရသည်။ကိုကို့တို့အိမ်နားအရင်လိုမယောင်
မလည်သွားချောင်းစရာမလိုတော့။
အိမ်ရှေ့နားသွားဆော့တာနဲ့တင်ကိုကို့အမေကအစပြုလို့ကလေးလေးရေဆိုပြီးအိမ်ထဲဝင့စေကာမုန့်ပါခေါ်ကျွေးလာသည်။

မမကိုသူ့မိဘတွေနဲ့ပါမိတ်ဆက်ပေးထားပြီးတာမို့ကျွန်တော့်ကိုခမည်းခမက်လောင်းအိမ်ကသားအငယ်လေးဆိုပြီးအရေးတယူပြု
ဆက်ဆံကြတယ်။အဲ့နောက်တော့ကိုကို့အိပ်ခန်းထဲဆီပါအလည်ခေါ်ခံရသည်။
သူသိပ်ကြိုက်သောအရုပ်လေးများကိုညီလေးယူလေဆိုပြီးပေးကမ်းစွန့်ကျဲလေသည်။
ခက်နေတာကဒီအရူးကအရုပ်မလိုချင်ဘူး၊
ကိုကို့ကိုမှလိုချင်တာဘယ်လိုများလုပ်ရမလည်း။

မနူးမနပ်အရွယ်လေးမို့အချစ်စိတ်ဆိုတာ
ခဏတာပါလို့စိတ်ကိုဖြေဖျောက်ကြည့်ဖို့
ဆယ်ဟွန်း ကြိုးစားခဲ့တယ်။ကိုကို့ကိုမြင်တိုင်းတစ်နေ့ငါ့ယောက်ဖဖြစ်လာမည့်သူလို့ကြိုးစားမြင်ကြည့်တယ်။သောက်ကျင့်
မကောင်းတဲ့သူ့စိတ်ကအဲ့လိုမသတ်မှတ်နိုင်။
ကိုကို့အချစ်ကိုပိုင်ဆိုင်ခြင်းလွန်းလို့ရူးတော့မယ်။

ကိုကိုနဲ့မမအခြေအနေကတဖြည်းဖြည်းမေမေတို့ကိုအသိပေးပြီးတရားဝင်တွဲနေကြတဲ့အထိဖြစ်လာခဲ့သည်။ကိုကိုနဲ့သူ့ကြား
ဆက်ဆံရေးကပိုခိုင်မာလာတယ်။တစ်ဦးတည်းသောသားဖြစ်လို့ကိုကိုကကျွန်တော့်
အပေါ်ယောက်ဖဆိုတာထက်ညီအရင်းလေး
လိုချစ်ခင်ပေးလာတာ။အဲ့လိုအခြေအနေမျိုး
ကျွန်တော်မလိုချင်ဘူး။

CHANHUN MINI STORY BOOK 1Where stories live. Discover now