တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - နှစ်

369 60 24
                                    


ချန်းယောလ်ဆိုသည်မှာအတန်းလည်းမှန်မှန်
မတက်၊သူ့စာအုပ်ထဲကျောင်းစာဆိုတာက
တောင်ခြစ်မြောက်ခြစ်။မြို့တော်ဝန်သားဆိုတဲ့ဂုဏ်ပုဒ်နဲ့
ဆရာတွေကလည်းမထိရဲ။
အိမ်ကြတော့လည်းဖခင်ဖြစ်သူကအလုပ်တာဝန်တွေနဲ့
မအားလပ်သူ။မိခင်က
ချန်းယောလ်အောက်အငယ်ကောင်လေး
ငယ်ငယ်တည်းကဆုံးပါးသွားတာ။အဲ့တော့
မိတဆိုးသားလေးတွေကိုဖခင်ဖြစ်သူကလည်းသေချာ
မဆုံးမနိုင်။လုပ်ချင်ရာလုပ်
စည်းမရှိကမ်းမရှိဖြစ်ချင်သလိုဖြစ်နေတာ။

အထက်တန်းတတိယနှစ်ကိုနှစ်ခါမြောက်ကျ
ပြီးညီလုပ်သူကအထက်တန်းပထမနှစ်ဖြစ်
လာပြီးသူ့ကိုမှီတော့မယ်။မြို့တော်ဝန်ကြီး
ခင်မျာလည်းသားကြီးကြောင့်စိတ်မအေးနိုင်။
အခုလည်းကျောင်းအုပ်ကြီးနဲ့တွေ့ခိုက်
သားကြီးအကြောင်းကြားပြီးစိတ်ညစ်နေရသည်။

"ကျုပ်သားကိုမကျိုးရုံရိုက်နှိပ်ဆုံးမသင်ပေး
မည့်ဆရာရှိရင်ညွှန်းပေးစမ်းပါ ကျောင်းအုပ်ကြီး ရေ
သားသမီးမကောင်းတော့ကျုပ်လည်း
အတော်မျက်နှာငယ်ရတယ် "

"လက်ရှိဆရာတွေထဲကတော့လူကြီးမင်း
သားကိုမထိရဲကြဘူး။ဒါပေမဲ့ပြီးခဲ့တဲ့အပတ်
ကမှပြောင်းလာတဲ့ဆရာအသစ်တော့ရှိတယ်။
သူ့ကိုပြောကြည့်ရမလား ''

"အဆင်ပြေသလိုသာလုပ်ပေးပါကျောင်းအုပ်ကြီးရာ
ကျုပ်သားလေးအထက်တန်းအောင်ပြီးတက္ကသိုလ်
တက်လို့ရရင်ပြီးပြီ။
ကူညီပေးပါဗျာ "

"ဒီမှာဆရာအသစ်ကိုယ်ရေးအကျဉ်း

အိုဆယ်ဟွန်း

အသက်က ၃၀

လုပ်သက်ကတော့မကြာသေးပေမဲ့
စာသင်ကောင်းတယ်။ကျောင်းသားကို
အလိုမလိုက်ဘူး။ကျောင်းရွေ့ခံရတဲ့
အကြောင်းက ရဲချုပ်သားကိုဆုံးမလိုက်လို့။
ဘယ်လိုလည်းလူကြီးမင်း
သူကမိဘမျက်နှာမကြည့်ဘူး။
ဆုံးမစရာရှိတာဆုံးမတဲ့ဆရာမျိုး
ဖြစ်မလား.... "

"ဖြစ်တယ်။ကြိုက်တယ်ဗျာ
အဲ့ဆရာနဲ့တွေ့ချင်တယ်
ကျုပ်သားအတွက်ကိုယ်တိုင်ပြောမယ် "

ဆယ်ဟွန်း မှာကျောင်းအုပ်ကြီးက
တွေ့ချင်တယ်ပြောလို့ရုံးခန်းသို့လာရင်း
တွေးနေမိသည်။ဟိုနေ့ကမြို့တော်ဝန်သား
ဆိုတဲ့ကျောင်းသားဆိုးကိုနရင်းအုပ်မိလို့
ခေါ်တွေ့တာလား။
ကျောင်းအုပ်ကြီး ရုံးခန်းထဲရောက်တော့
ဧည့်သည်ရောက်နေသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now