တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - လေး

589 91 107
                                    


အိပ်ပျော်သွားသောချန်းယောလ်ကိုယ်လုံးကို
အိပ်ရာပေါ်လှဲစေပြီးဆယ်ဟွန်းထရပ်လိုက်
သည်။ဒီကောင်လေးဘာတွေပြောသွားတာလည်း။ဆယ်ဟွန်းပါသူ့ကြောင့်ရင်ထဲတမျိုး
ဖြစ်လို့သွားသည်။ဒီပုံအတိုင်းဆိုစာသင်ဖို့လည်းမဖြစ်နိုင်တော့။သူ့အခန်းဘက်သာ
ပြန်လာလိုက်တော့သည်။အင်္ကျီချွတ်ကြီးနဲ့
အအေးပက်ပြီးဖျားမှာစိုးရိမ်လို့စောင်ခြုံ
ပေးခဲ့လိုက်သည်။

ချန်းယောလ်နိုးလာတော့ခေါင်းကိုက်နေသလိုစိတ်ကလည်မကြည်လင်။အိပ်ရာပေါ်ငူငိုင်
ထိုင်ရင်းတွေးနေမိသည်။ဖုန်းယူကြည့်ရင်း
ဟိုဒီတွေးမိတော့သူအထိတ်တလန့်နဲ့ထရပ်မိ
သည်။ငါညကမူးပြီးဘာတွေလုပ်မိထားလည်း။သေပြီ။စာပြန်စစ်မှာကိုမူးပြီးအိပ်
ပျော်သွားတယ်။ခေါင်းမကြည်တာတွေလည်း
ပျောက်ဆုံးသွားခဲ့ရပြီ။ကိုယ်လက်သန့်ရှင်း
ရေးလုပ်ပြီးအခန်းထဲကထွက်လာလိုက်သည်။ပိတ်ရက်မို့သူထချင်တဲ့အချိန်ထနိုးမဲ့
သူမရှိဘူး။မနက်စာစားဖို့သူဆင်းလာလိုက်
သည်။

"ချန်းယောလ် မနက်စာစာပြီးရင်စာမေးပွဲ
ဖြေရမယ် "

ထမင်းစားခန်းနားအရောက်တွေ့လိုက်ရသော
ဆရာ။ကိုယ့်အပြစ်နဲ့ကိုယ်မို့ဟုတ်ကဲ့လို့ဖြေပြီးမနက်စာစားရသည်။

ဆယ်ဟွန်းကပြင်ဆင်ထားသောမေးခွန်းစာရွက်သူ့ကိုပေးတော့လှမ်းယူပြီးဖတ်နေသည်။ဒါပေမဲ့သူ့ကိုခဏခဏခိုးကြည့်နေ
တာကိုခံစားမိစေသည်။

ချန်းယောလ် ညကအမူးသောက်ထားသည့်
အရှိန်နဲ့စာတွေကကြက်ပျောက်ဌက်ပျောက်
ဖြစ်နေတာ။ဒုက္ခပါလား။ညကမူးပြီးဘာတွေ
လုပ်ထားမိသေးလည်း။အပြစ်လုပ်မိရင်တော့
သွားပြီ။

"ချန်းယောလ် ဘာပြောမလို့လဲ
ခုနတည်းကငါ့ကိုလှမ်းကြည့်နေတာ
ခဏခဏရှိနေပြီ "

သူခိုးလူမိတော့လည်းမတတ်နိုင်။ဆရာ့ကို
မချိသွားဖြဲရီပြရင်းတောင်းဆိုရတော့သည်။

"ခဏလောက်စာပြန်ကြည့်ခွင့်ပေးပါလား။
ကျွန်တော်ညကအရမ်းမူးသွားတော့
အခုဘာမှမမှိတ်မိတော့လို့ ..."

ချန်းယောလ် ရဲ့စကားကြောင့်ညက
ကိစ္စကိုလုံးဝမှတ်မိမှာမဟုတ်လို့ယူဆလိုက်ပြီးဆယ်ဟွန်းမမေးကြည့်တော့ဖို့ဆုံးဖြတ်
လိုက်သည်။
သူ့အမှားသူသိကာဒီမနက်ငြိမ်ငြိမ်ကုပ်ကုပ်လုပ်နေသောတပည့်လူဆိုးလေးကိုဆယ်ဟွန်း
ကြည့်ရင်းခေါင်းခါမိလိုက်တော့သည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now