Secretary Oh - 5 ( Unicode )

608 87 54
                                    

သူရောက်သွားတော့ခေါင်းတောင်မထောင်နိုင်မှောက်နေသောအိုဆယ်ဟွန်းအခြေအနေ။
ဆိုင်ရှင်ကိုပိုက်ဆံရှင်းပေးလိုက်ပြီးအမူးသမားကိုတွဲပြီးထွက်လာရသည်။ခြေထောက်တောင်မတ်မတ်မရပ်နိုင်ယိမ်းထိုးနေသောသူကိုတွဲရတာအဆင်မပြေတော့။
အမူးသမားကိုပခုံးပေါ်ထမ်းတင်ကာခေါ်လာရတော့သည်။ခက်တာကဒင်းကိုဘယ်ပြန်ပို့်ရမလည်း။အိုဆယ်ဟွန်းအိမ်ကိုသူမသိပေ။
သူ့အိမ်ကိုလည်းခေါ်မသွားချင်။

မြောင်ဒုံညဈေးတန်းအလွန်ကတည်းခိုခန်းတွေကတော့တန်းစီလို့နေသည်။အခန်းဝင်
ယူတော့ကောင်တာထိုင်နေသူကသော့ထုတ်ပေးရင်းစပ်စပ်စုစုကြည့်နေသေး။
အိုဆယ်ဟွန်းကသူ့ကိုသိပ်ဒုက္ခပေးတယ်။ထမ်းခေါ်လာရင်းသူ့အပေါ်အန်ချသေးသည်။အခန်းတံခါးဖွင့််ပြီးတာနဲ့အမူးသမားကို
အောက်ချပေးလိုက်တော့ကြမ်းပြင်မှာခွေလှဲနေသည်။

အန်ဖတ်တွေပေပွနေသောသူ့တီရှပ်ကိုချွတ်ပြီးတာနဲ့အိုဆယ်ဟွန်း ကိုပါအင်္ကျီ
ချွတ်ပေးရသည်။သူရေချိုးခန်းထဲဝင်ရေဇလုံသွားယူတယ်၊ပြန်လည်းထွက်လာရောအန်ချထားသောအိုဆယ်ဟွန်း။
ပေရေလူးကာအနံ့တွေကြောင့်ချန်းယောလ်
စိတ်ညစ်သွားသည်။
အမူးသမားကိုရေချိုးခန်းထဲလက်နှစ်ဖက်
ကနေတရွတ်ဆွဲခေါ်လာပြီးရေလောင်းချပေးလိုက်သည်။

အိုဆယ်ဟွန်း ...အိုဆယ်ဟွန်း ငါ့ကိုအတော်ဒုက္ခပေးတယ်။

ဘောင်းဘီတွေပါစိုကုန်ပြီမို့ချွတ်ပေးပြီး
တဘတ်နဲ့ပတ်ထားပေးရသည်။
ဘောင်းဘီချွတ်ပေးရင်းမကြည့်သော်လည်းမြင်နေရသည့်အိုဆယ်ဟွန်းလိုအိပ်ပျော်နေသောအိုဆယ်ဟွန်းညီလေးကရေအေးနဲ့ပက်ခံလိုက်ရသည့်မို့အေးကာကျုံသွားပုံရသည်။
သူ့ညီလေးထက်အရွယ်အစားသေးကာကပ်ကပ်လေးဖြစ်နေတာ။

သဘတ်ပတ်ပေးပြီးအခန်းထဲပြန်ခေါ်ပြီးသိပ်ထားလိုက်ရသည်။ပြီးမှသူအနားရတော့သည်။

"ယူဂျင်း ရေ.... ရက်စက်တယ်
ယူဂျင်း....အဲ့လိုမလုပ်ပါနဲ့... ယူဂျင်း "

အခုထိအမူးမပြေသေးပါလား။
အသည်းကွဲပြီးလူသူမှန်းမသိအောင်
သောက်ပုံရသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now