ကိုကို - ၇

618 128 74
                                    


"ရည်စားရှိလား "

အိပ်စင်အပေါ်ထပ်ကနေခေါင်းငုံချကာမေးလာသောဘတ်ဟျွန်းကြောင့်ဆယ်ဟွန်း
ခေါင်းခါပြလိုက်သည်။
ဆယ်ဟွန်းစာအုပ်လှန်နေတာမှကြာအုံးမယ်။
ဘတ်ဟျွန်းကသူ့ဘေးရောက်ချလာသည်။
သူ့အပေါ်ဆင့်ကနေဆယ်ဟွန်းဘေးကြပ်ကြပ်
သိပ်သိပ်တိုးဝှေ့ဝင်ထိုင်သည်။

"ဘာလို့မရှိတာလဲ "

"မရှိချင်လို့မရှိတာပေါ့ကွာ
မင်းကစကားမရှိစကားရှာလိုက်တာ "

ဆယ်ဟွန်း စာအုပ်ကိုခေါင်းရင်းဘောင်တန်း
ပေါ်ချလိုက်သည်။ဒီနေ့ကသူတို့အားလပ်ရက်
တနင်္ဂနွေနေ့မို့အေးဆေးနေလို့ရသည်။
ဆယ်ဟွန်းအေးဆေးနေချင်လည်းမရပေ။
ဖားပျံကပ်သလိုသူ့ကိုကပ်နေသော
ဘတ်ဟျွန်းကြောင့်နားရမယ်မထင်။

"ရည်းစားကမထားတာလား။
ကြိုက်ရမည့်သူမရှိတာလား "

"အင်း ဒီလိုဘဲ "

ဆယ်ဟွန်းရဲ့အဖြေကိုဘတ်ဟျွန်းကကျေနပ်ပုံမရ။သူကျေနပ်သောအဖြေမရမချင်းသူ့ဘေးကနေခွာမှာမဟုတ်။

"ကြိုက်တဲ့သူရှိခဲ့တယ်
ဒါပေမဲ့ ဖွင့်ပြောခွင့်ငါ့မှာမရှိဘူး "

"ဝိုး အချေမင်းသားလေးမှာစိတ်ဝင်စား
စရာဇာတ်လမ်းရှိတယ်ပေါ့... မပြောပြချင်ဘူးလား "

သော့ခတ်သိမ်းထားတဲ့ဒိုင်ယာရီစာမျက်နှာ
ကိုဖွင့်ချချင်စိတ်ဆယ်ဟွန်းမှာမရှိပေ။
သူဆိုသည်ကနာကျင်ရရင်တောင်လူမသိ
သူမသိဝေဒနါခံစားလိုက်မဲ့လူစားမျိုး။
သူခေါင်းခါပြတော့ဘတ်ဟျွန်းကမျက်နှာ
အမူအရာမျိုးစုံသုံးကာတောင်းဆိုတော့သည်။

"ဟေး ဘတ်ကလေး
အဲ့အမူအရာလေးကိုယ့်ကိုလုပ်ပြပါလား
မင်းလေးကိုဖင်အအေးပက်အောင်ဖူးဖူးမှုတ်ထားမယ် "

သူတို့ကုတင်ဘေးကဖြတ်သွားသောစီနီယာ
တစ်ယောက်ကစနောက်သွားသောအခါ
ယဥ်ကျေးစွာတုံ့ပြန်လေသောဘတ်ဟျွန်း။
ဆယ်ဟွန်းကတော့ခပ်ပြုံးပြုံးသာကြည့်နေ
လိုက်သည်။

"လက်ခလယ်ပဲဟေ့ကောင်
ဘောမို့ဘတ်ကလေးလာခေါ်နေ
ငါတက်လုပ်လိုက်လို့တစ်ပတ်လောက်
ဝမ်းမသွားနိုင်ဘူးဖြစ်သွားမယ် fxxk... "

CHANHUN MINI STORY BOOK 1Where stories live. Discover now