တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - လေး

Start from the beginning
                                    

*ဒီလိုကောင်လေးစကားမျိုးမင်းမို့အရေးတယူလုပ်နေရလားဆယ်ဟွန်း * ရလို့
မိမိကိုယ်ကိုယ်ကိုစိတ်ထဲကပြောမိပါရဲ့။

"ရပြီဆရာဖြေတော့မယ်"

စာထဲစိတ်ပါဝင်စားစွာဖြေနေသောလူဆိုး
လေးကိုကြည့်ရင်းဆယ်ဟွန်းပြုံးလိုက်မိသည်။ဒီကောင်လေးပြောင်းလဲလာပြီ။

စာဖြေနေရင်းဘာရယ်မဟုတ်ခေါင်းငုံ့ထား
ရာကမော့အကြည့်မိမိကိုပြုံးကြည့်နေသော
ဆရာကြောင့်ချန်းယောလ်ရင်တွေတဒုတ်ဒုတ်
ဖြစ်သွားလေသည်။

အကြည့်ချင်းဆုံတော့ဆယ်ဟွန်းမှာ
အတော်ဂွကျကျအနေအထားဖြစ်သွားရသည်။ဆက်ပြုံးရမလား၊တည်လိုက်ရမလား။

"ဆရာကပြုံးတတ်သားဘဲ
ကျွန်တော့်ရှေ့ပြောတာနော်
အမြဲတည်တင်းနေတော့မပြုံးတတ်ဘူး
ထင်နေတာ၊မနေ့ကဆရာမဟန်နဲ့ကျတော့
ဆရာကပြုံးရုံတင်မကဘူး။ရီပါရီတယ်
ဆရာမတရားဘူး "

"စကားမများစမ်းနဲ့စာကိုသေချာ
အာရုံစိုက်စမ်း "

"သိတယ် သိတယ်
အာရုံစိုက်လွန်းလို့စာရွက်ထဲဝင်တော့မယ် "

သူ့ကိုတခွန်းမကျန်ပြန်ခံပြောသော
အဆိုးလေးနဖူးကိုတောက်လိုက်မိသည်။

* အာ့ ဆရာ *

"စကားများလို့အပြစ်ပေးတာ "

မိမိနဖူးကိုသာပွတ်ရင်းအထွန့်ဆက်မတက်
ဘဲအမှတ်ခြစ်နေသောဆရာ့ကိုငေးနေလိုက်သည်။

"ဆရာမှာရည်းစားရှိလား "

"ဘာလုပ်မလို့လဲ "

"ဘာမှမလုပ်ပါဘူး။ဆရာကကျွန်တော်တို့
ဆီမှာနေတာဘယ်မှလည်းမသွားတော့လေ... အဲ့ဒါကြောင့်ပါ "

"ကလေးကကလေးလိုမနေဘူး
စပ်စုလိုက်တာ "

"ဘယ်သူ့ကိုကလေးပြောနေတာလည်း
ကျွန်တော့်အသက် ၂၀ ပါဗျာ
ကလေးမဟုတ်ဘူး "

"ကလေးမဟုတ်ဘူးသာအတင်းငြင်းနေ
အဲ့ပါးကြီးကဘာလို့ဖောင်းနေရ၊နှုတ်ခမ်းက
ရောဆူထော်ထားရလား "

ဆယ်ဟွန်း သဘောတကျရီမောရင်းသူ့ကို
ပြောမိသည်။ငေးမောကြည့်နေသော
ကောင်လေးကပွစိပွစိရေရွတ်ကာနေနေသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now