Secretary Oh - Ending ( Unicode )

Start from the beginning
                                    

"Good ပဲ ဟွန်းကဟင်းပါချက်တတ်တယ်
လက်ရာကလည်းမဆိုးဘူး၊အစပ်အဟက်တည့်သား "

သူ့ဆီကချီးကျူးသံကြားမှဆယ်ဟွန်းပြုံးနိုင်တော့သည်။

" ဟွန်း ရ * စကားပုံတစ်ခုရှိတယ်လေ
လှတာမက်ရင်ညစာခက်တယ် * ဆိုတာလေ
ကိုယ့်အတွက်ကတော့လှတာမက်ပေမဲ့ညစာမခက်လောက်တော့ဘူး "

"ဘာလို့လည်း ချန်း "

" ဟွန်း ကလှလည်းလှတယ်။ဟင်းလည်းချက်တတ်တယ်။အဲတော့ကိုယ့်အနေနဲ့ညစာမခက်တော့ဘူးပေါ့ "

" ချန်းကလည်း
ကျွန်တော်ကိုလှတယ်မသုံးပါနဲ့
မိန်းကလေးမှမဟုတ်တာကို "

" ဟွန်းကမိန်းကလေးတွေထက်လှလို့လှတယ်
သုံးတာ၊အမှန်တရားပြောတာဟွန်းအရမ်းလှတယ် "

ချန်းအပြောကြောင့်ဆယ်ဟွန်းရှက်ပြုံးလေးပြုံးရင်းစကားမဆက်ဖြစ်တော့။
ထမင်းစားပြီးတော့ဧည့်ခန်းမှာထိုင်ကြပြီး TV ဖွင့်ကြည့်လိုက်သည်။ဆယ်ဟွန်းကဇာတ်လမ်းတွဲထဲစိတ်ရောက်သွားချိန်သူ့ကိုဘေးကနေလှဲအိပ်ရင်းငေးကြည့်နေသော
ချန်းအကြည့်တွေကိုမသိလိုက်။

ဇာတ်လမ်းထဲအာရုံရောက်ကာစိတ်ပါဝင်စားစွာကြည့်နေသောဟွန်း ကိုသူကြည့်ရင်းဖျစ်ညှစ်ချင်လာသည်။တူတူနေနေတဲ့
တစ်လအတွင်းဟွန်းအကြောင်းပိုသိလာရသည်။အလုပ်ထဲလည်းတာဝန်ကျေသောအတွင်းရေးမှူး။အလုပ်ချိန်ပြီးသွားရင်လည်းသူ့အတွက်နွေးထွေးမှုပေးသောအတူနေသူလေး။သူတို့နှစ်ယောက်ကြားပတ်သက်မှုကဟန်ဆောင်ချစ်သူဘဝကနေအတူနေတဲ့
အထိဖြစ်လာခဲ့ပြီ။ချန်းယောလ်
ဘက်ကနေထုတ်မပြောရသေးပေမဲ့ဟွန်းအပေါ်သူ့စိတ်ခံစားချက်ကလေးနက်နေခဲ့ပြီ။

ဒီဇင်ဘာအလုပ်ပိတ်ရက်
ခရစ်စမတ်မတိုင်ခင်တစ်ရက်တည်းကပိတ်လိုက်တာနှစ်သစ်ကူးပြီးနောက်တစ်နေ့အထိပေါ့။

ရက်ရှည်အလုပ်ပိတ်ရက်မှာဆယ်ဟွန်းအနေနဲ့မိဘအိမ်ပြန်မှဖြစ်မယ်လေ။အိမ်နဲ့အလုပ်ဝေးလို့နောက်မကျရအောင်အဆောင်နေတယ်ဆိုပြီးလိမ်ထားခဲ့တာ။ကွန်ဒိုတိုက်ခန်းကျယ်ကြီးမှာ CEO နဲ့နှစ်ယောက်တည်းအဆောင်နေနေတဲ့သူ့အကြောင်းအမှန်သာသွေးတက်ကြလေမလား။
အလုပ်ကနေတခါတည်းအိမ်ပြန်လိုက်တာမို့ကိစ္စရှိလို့အပြငိထွက်သွားတဲ့သူ့ကိုတောင်မနှုတ်ဆက်ဖြစ်ပေ။ဒီရက်ပိုင်း
သူလည်းအလုပ်တွေအတော်ရှုပ်နေတာ။ဆယ်ဟွန်းတစ်ယောက်ပြန်လာရင်းလမ်းတစ်လျောက်ငေးမောကြည့်လာခဲ့သည်။
ခရစ်စမတ်ကာလမို့အလှဆင်ထားတာတွေနဲ့လမ်းမကြီးတလျောက်မီးရောင်တွေအောက်လှပနေသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now