"မိန်းမတွေကသိပ်ရက်စက်တာပဲ
CEO ပြောတာမှန်တယ်... "ချန်းယောလ်ကတော့သူ့ကိုဒုက္ခပေးသောအသည်းကွဲ
သမားကိုကြည့်ရင်းအိပ်ချင်လာပြီမို့ကုတင်ရဲ့ဘေး
တစ်ဖက်အလွတ်နေရာဝင်လှဲအိပ်လိုက်တော့သည်။ခေါင်းတွေတဆစ်ဆစ်ထိုးကိုက်ခြင်းနဲ့အတူနိုးထလာသော
မနက်ခင်း။မျက်လုံးတွေပြူးပြဲကာပွတ်သပ်ရင်းမိမိဘယ်ကို
ရောက်နေတာလည်းစဉ်းစားမရဖြစ်နေသည်။လူကလှုပ်မရ
ခါးဆီဝယ်တင်းကြပ်စွာသောအထိအတွေ့။
အခြေအနေကိုလှည့်မကြည့်ပေမဲ့တဖြည်းဖြည်းရိပ်စား
မိလာသည်။နောက်လည်ကုတ်နားဆီကအသက်ရှူသွင်း
သောလေသံကမိမိနဲ့ကပ်ရက်ထိစပ်နေသည်။ငါညကဘာတွေဖြစ်ခဲ့တာလည်း။ငါ့နောက်နားကလူက
ဘယ်သူလည်း။အို ဘုရားသခင် ကယ်တော်မူပါ။
ငါအမှားများလုပ်ခဲ့မိပြီလား။
တင်းကြပ်သောခါးဆီကအထိအတွေ့ကိုသူ့လက်ကို
သွားထိကြည့်လိုက်သည်။သေချာသွားပြီ။
လက်နဲ့ဖက်ခံထားရတာ။လက်အနေအထားကတုတ်ခိုင်တယ်။
ဘုရားသခင် ညကငါဘာတွေလုပ်ခဲ့မိ။
ကျိန်းသေတယ် ဒါယောက်ကျားလက်ကြီး။
မိမိလက်ထက်တောင်တုတ်ခိုင်နေသည်မလား။သူ့ခါးကိုဖက်တွယ်ထားသောထိုလက်ကိုဖြုတ်ချခါ
စောင်ပုံထဲကနေထွက်လိုက်သည်။
အား ဘုရားသခင် ငါ့မှာအဝတ်မပါဘူး။
အော်မိမလို့ဖြစ်သွားသော သူ့ပါးစပ်ကိုအလျှင်အမြန်
ပိတ်လိုက်ရင်းဘေးနားကလူကိုမြင်လိုက်ရသောအခါ
သူထအော်မိလေပြီ။"" အား CEO ဘယ်လိုဖြစ်ပြီး "''
အဝတ်ဗလာဖြစ်နေသောအနေအထားမို့ရှေ့ကစောင်ကို
ယူတာမရ။ CEO ရဲ့ကိုယ်လုံးနဲ့လုံးထွေးပတ်နေသည်။"အိုဆယ်ဟွန်း ဘာဖြစ်ပြန်ပြီလည်း... .."
မျက်လုံးဖွင့်ကြည့်လိုက်တော့ကုတင်ဘေးကုန်းကုန်းကွကွနဲ့
ဖြစ်နေသောအိုဆယ်ဟွန်း။
ချန်းယောလ် လည်းအိပ်ချင်စိတ်မပြေသေးပေမဲ့ထထိုင်လိုက်
သည်။"ပေး စောင်ပေး... "
စောင်ကိုအတင်းဆွဲယူနေသောအိုဆယ်ဟွန်းကြောင့်
ချန်းယောလ်လည်းမိမိကိုယ်လုံးနဲ့ပစ်ထားသလိုဖြစ်နေလို့
ဖယ်ပေးလိုက်သည်။
DU LIEST GERADE
CHANHUN MINI STORY BOOK 1
Kurzgeschichten⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .
Secretary Oh - 5 ( Zawgyi )
Beginne am Anfang