Secretary Oh - 4 ( Unicode )

Start from the beginning
                                    

ဟုတ်တယ်လေ
သူ့ကိုမေးသင့်မမေးသင့်ခိိန်နေတာနဲ့
နေ့လည်စာစားချိန်ကျော်ကုန်ပြီ။
အခုနေကန်တင်းသွားလည်းဟင်းရဖို့မပြောနဲ့
ကင်ချီမ်ကျန်ရင်တောင်ကံကောင်းလို့ဆယ်ဟွန်းစိတ်ထဲကနေပြောမိသည်။

"အပြင်ဆိုင်သွားစားကြတာပေါ့ "

သူရုံးခန်းအပြင်ထွက်လာတော့ဆယ်ဟွန်းလည်းထရပ်ကာတူတူလျောက်လာလိုက်ကြသည်။ကိုယ့်အထက်လူကြီးနဲ့
သွားရလာရတာလည်းမလွယ်လှ။
စိတ်ဖိစီးမှုကတော်ရုံမဟုတ်။

"နောက်ဖက်လမ်းထဲက
ရိုးရာစားသောက်ဆိုင်သွားရအောင်
အိုဆယ်ဟွန်း
ရှေ့ဘက်ဆိုင်တွေကလူပြည့်နေပြီ "

သူပြောတော့လည်းဟုတ်သည်။
သူတို့ကုမ္ပဏီအဆောက်အအုံ
ရှေ့ဆိုင်ခန်းတွေထဲဟင်းရည်နဲ့ထမင်းတွဲရသောဆိုင်တွေထဲလူပြည့်နေသည်။

ရိုးရာစားသောက်ဆိုင်ကခြံဝန်းအဝင်ဝထဲကစလို့ဝါးပင်အုပ်တွေနဲ့လူလုပ်ဖန်တီးထားပုံရကာအတွင်းထဲအတော်လျောက်ရသည်။
ရိုးရာအိမ်သီးသန့်အခန်းတွေနဲ့မို့တိတ်ဆိတ်လို့နေသည်။သူတို့ကတော့ခန်းမကျယ်ကြီးထဲကဝိုင်းတစ်ခုဝယ်မိန်းမပျိုတစ်ယောက်နေရာချပေးသည့်နေရာဝယ်ထိုင်လိုက်ကြသည်။စားဝိုင်းတစ်ခုနဲ့တစ်ခုကအတော်ခြားပြီးစားသုံးသူတွေကလည်းတိတ်တိတ်ဆိတ်ဆိတ်စားနေကြတာမို့အတော်နားအေးသောဆိုင်ပါလားတွေးလိုက်သည်။

သူနဲ့ဆယ်ဟွန်းကမျက်နှာချင်းဆိုင်အနေအထားထိုင်လိုက်ကြသည်။ရိုးရာဝတ်စုံဝတ်ထားသောမိန်းကလေး
နှစ်ယောက်ကဟင်းပွဲတွေချပေးကြသည်။စားပွဲပေါ်ဝယ်အမည်စုံလှသောဟင်းတွေကိုကြည့်ရင်းပိုက်ဆံဘယ်လောက်
ရှင်းရမှာလည်းတွေးနေမိသောဆယ်ဟွန်း။ဈေးကတော့နည်းမှာမဟုတ်။

"ဟိုနေ့ကဆယ်ဟွန်းထမင်းဗူးကို
ယူစားထားတော့
ဒီနေ့လယ်စာဖိုးကိုယ်ရှင်းမယ်"

ဆယ်ဟွန်း စိတ်ထဲအခုမှသက်ပြင်းချနိုင်တော့သည်၊၊အစားတစ်လုတ်အတွက်ငွေကုန်ကြေးကျမခံနိုင်တဲ့
ကိုယ့်အခြေအနေကိုယ်သာသိသည်။

ဟင်းတွေလည်းချပေးတာအတော်များသည်။
ကျောက်အိုးထဲထည့်ချက်ထားသောပဲလုံးထမင်းနဲ့ဟင်းအမည်စုံကအတော်လိုက်ဖက်ကာစားလို့မြိန်လှသည်။
ဆယ်ဟွန်းကတော့ခေါင်းမဖော်တမ်းစားနေတာ။

CHANHUN MINI STORY BOOK 1Where stories live. Discover now