FAKE 3 ( Zawgyi )

Start from the beginning
                                    

ဆယ်ဟွန်း မမှားဘူး
ဟိုတခါကလည်းဒီလူပဲ။စောင်ရေးမပါတဲ့လူ
ငါကခံလည်းခံရသေး။တောင်းပန်ရအုံးမယ်။
ကျက်သရေတုံးပါ့။အားမတန်မာန်လျော့ကာတောင်းပန်
ဖို့လုပ်ရတော့သည်။

"တောင်းပန်ပါတယ် "

"ဟေ့ မင်းအဲ့လိုပြောတာနဲ့ရမလား
သေချာတောင်းပန်စမ်း "

ကြားကနေမကျေနပ်နိုင်သော Club ပိုင်ရှင်သူငယ်ချင်းကို
ချန်းယောလ်ကမပြောဖို့အမူအရာပြသည်။

"တောင်းပန်ပါတယ် အစ်ကိုတို့ရယ်
ကျွန်တော်တို့သူငယ်ချင်းအစားအနူးအညွတ်
တောင်းပန်ပါတယ် "

ကောင်လေးရဲ့သူငယ်ချင်းနှစ်ယောက်ကချန်းယောလ်ကို
ရောသူငယ်ချင်း Club ပိုင်ရှင်ကိုပါဒူးထောက်မတတ်
တောင်းပန်ရှာသည်။

Club အပြင်ဘက်ရောက်တော့ဆယ်ဟွန်းပေါက်ကွဲပြီ။
တော်သေးတယ်။ဆယ်ယောင်းမကိစ္စပြတ်ပေလို့။
နှာဘူးကောင်နဲ့ကံသီလို့လွဲသွားတာ။ကျက်သရေဆယ်ခါမတုံးတဲ့လူ။ငါဘာမျက်စိနဲ့အဲ့အကောင်ကိုအကောင်းမြင်ပေးခဲ့မိ။
သူ့ကိုယ်သူရောထိုလူကိုပါပေါင်းဆဲပေးလိုက်သည်။

"ငါဆဲမိတော့မယ် ချန်းယောလ်
မင်းစောက်ခွက်စုတ်ပြတ်အောင်ခံလိုက်ရတာတောင်
နှာဘူးထချင်နေသေး။ခုနဟိုကောင်လေးဆဲတာမလွန်ဘူး။
မင်းရုပ်ပျက်တာကွာဘယ်လိုဖြစ်လို့အဲ့ကောင်လေးကို
ချက်ချင်းမျက်စိကျသွားရတာလည်း။ရုပ်လေးကချောပေမဲ့
ဒေါသကြီးချက်ကကြောက်စရာကြီး "

ရေခဲအိတ်ကပ်နေရင်းချန်းယောလ်ပြုံးနေလိုက်သည်။
စိတ်ဝင်စားစရာတွေကအခုမှအစပြုတော့မှာလေ။
ဒေါသကြီးလေးရဲ့ဖုန်းနံပါတ်ကသူ့ကိုငြင်းလိုက်သော
အိုဆယ်ယောင်းနံပါတ်နဲ့တူနေတာရယ်၊အခုနသိလိုက်တာက
ကောင်လေးနာမည်ကအိုဆယ်ဟွန်းတဲ့လေ။
အားပါးတရထရီလိုက်ပြီးမှသူ့မှာပါးကစပ်ဖျဉ်းဖျဉ်းဖြစ်နေလို့
ပါးစပ်ပြန်ပိတ်ထားလိုက်ရသည်။သူသိလို့တဲ့အရာကို
စုံစမ်းအတည်ပြုရမယ်လေ။

သူ့ဖုန်းတစ်ချက်ခေါ်ကာမိဘတွေဆီအတည်ပြုလိုက်သည်။
သားရယ်ဆယ်ယောင်းလေးကသူ့ချစ်သူနောက်လိုက်ပြေး
သွားပြီတဲ့လေ။ကံမပါဘူးလို့မှတ်ရမှာပေါ့။ဆယ်ယောင်းလေး
မှာလားရှိတာပေါ့။ငါးမိနစ်ကြီးတဲ့အမြွှာအစ်ကိုရှိတယ်လေ။
သားကဘာလုပ်ဖို့မေးတာလည်း။

CHANHUN MINI STORY BOOK 1Where stories live. Discover now