သခင် အခန်းထဲပြန်ဝင်လာတော့ ကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေဆဲဖြစ်တဲ့သုတကိုကြည့်ပြီးပြုံးမိသည်
"..မောင်မျက်နှာလိုက်သစ်ပေးမယ်.."
"...အင်း.."
ရေချိူးခန်းထဲရောက်တော့ သခင်ကသွားတိုက်ဆေးကအစသူပဲထည့်ပေးကာ တိုက်ပေးမလို့ပြင်သည်
"..နေဦး..နေဦး.."
"...ဘာဖြစ်လို့လဲ သုတ.."
"ဒီမှာကြည့်.."
သုတကသူ့လက်2ဖက်ကိုမြှောက်ပြကာ
"...ငါ့လက်2ဖက်လုံးအကောင်းကြီးရှိသေးတယ်နော်..ကိုယ့်ဟာကိုယ်တိုက်မယ်..ရေချိူးခန်းထဲလိုက်ပို့ပေးပြီဆိုတော့ မင်းသွားလို့ရပြီ.."
"...မောင်က လုပ်ပေးချင်လို့ပါသုတရဲ့..အစကတည်းကမောင်ပြောပြီးသားနော်မောင်ပဲမျက်နှာသစ်ပေးမယ်လို့.."
"...အွန်းလေ..မျက်နှာသစ်ပေးမယ်လို့ပြောတာ..သွားတိုက်ပေးမယ်လို့မှမပါတာ.."
"မဟုတ်ဘူးလေ..သုတ.."
"..မရဘူးနော်..မင်းစကားနဲ့မင်းပဲ..မျက်နှာသစ်ခါနီးမှခေါ်လိုက်မယ်..ဟိုမှာရပ်နေ.."
သုတစကားကြောင့် သခင်ကသုတညွန်ပြတဲ့ထောင့်နားမှာသွားရပ်ပြီး သုတသွားတိုက်ပြီးတာကိုစောင့်နေလေသည် သုတကတော့သခင်ကိုမသိမသာကြည့်ကာခိုးရယ်မိသည်
"...အဟမ်း..ငါသွားတိုက်ပြီးပြီနော်.."
"..အင်း..အင်း..မောင်လာပြီ.."
သခင် ကသုတမျက်နှာလေးကိုရေလေးနဲ့သစ်ပေးကာ နူးညံ့သောမျက်နှာအထိအတွေ့လေးကိုခံစားမိသည် ပါးဖောင်းဖောင်းလေး2ဖက်ကို မနေ့ကလိုနမ်းပစ်ချင်လိုက်တာ
သုတကတော့မျက်လုံးအစုံကိုမှိတ်လို့ထားသည် အခွင့်အရေးရတုန်းလေး သခင်သုတမျက်နှာကိုနီးကပ်စွာစိုက်ကြည့်မိနေချိန် သုတကမျက်လုံးတို့ကိုဖွင့်လိုက်သောကြောင့် သခင်သူခိုးလူမိသလိုဖြစ်သွားပြီး နောက်ပြန်လဲကျလေသည်"..အာ့..!"
"...အမ်..ဘာ..ဘာဖြစ်သွားတာလဲ..ရရဲ့လား.."
"..ရတယ်.."
ရတယ်လို့သာဖြေနေတာ သခင့်မျက်နှာကတော့ရှူံမဲ့နေတာပဲ လက်တစ်ဖက်ကိုလည်းဆုပ်ကိုင်ထားသေးသည်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်