6

35.9K 3K 81
                                    

"ဒီ​နေ့မလာ​တော့ဘူးထင်​တယ်​"

မင်းသခင်​စာအုပ်​ဆိုင်​မှာ​စောင့်​​နေတာနာရီဝက်​​ကျော်​​နေပြီ မြတ်​သုတအရိပ်​​ယောင်​​တောင်​မ​တွေ့ရ...ပြန်​​တော့မို့ဆုံးဖြတ်​ပြီးဆို်င်​ကထွက်​​တော့ သူ့ဆီကို​ပြေးလာ​နေတဲ့အဖြူ​ရောင်​အရိပ်​​လေး..​ခြေ​ထောက်​ကလည်း​ထောနဲ့​ထောနဲ့ နဲ့ဘာဖြစ်​လာမှန်းမသိ

'မြတ်​သုတ'

"မင်းသခင်​...အကို..​နည်းနည်း​နောက်​ကျသွားတယ်​"

"ရပါတယ်​ ဘာဖြစ်​လာတာလဲ အ​နောက်​က​နေတစ်​​ယောက်​​ယောက်​လိုက်​လာလို့လား"

"မ..မဟုတ်​ပါဘူး.."

"အရင်​ဆုံးထိုင်​ပြီး ​ချွေး​တွေသုတ်​လိုက်​ဦး"

မင်းသခင်​က လက်​ကိုင်​ပုဝါအနီ​လေးလှမ်း​ပေးလိုက်​သည်

"​ကျေးဇူးတင်​ပါတယ်​ "

"ဒီ​နေ့လာတာ တခြားသူ​တွေမပါဘူးလား"

"ဟီး..တကယ်​​တော့​လေ အကိုခိုးထွက်​လာတာ"

မြတ်​သုတပြုံးလိုက်​​တော့ပါးမှာ​ပေါ်လာတဲ့ပါးချိုင့်​​လေးနှစ်​ဖက်​ကိုမင်းသခင်​​ငေးခနဲဖြစ်​မိသွားသည်​...တစ်​ဆက်​တည်းမှာပဲမြတ်​သုတစကား​ကြောင့်​မင်းသခင်​မျက်​ခုံး2ဖက်​အ​ပေါ်မြှင့်​တက်​သွားသည်

"ခိုးထွက်​လာတာ.."

"ဟုတ်​တယ်​..အဲ့ဒါ​ကြောင့်​နည်းနည်း​နောက်​ကျသွားတာ"

ကိုယ့်​ကို​တွေ့ဖို့အိမ်​က​နေ​တောင်​ခိုးထွက်​လာတဲ့သူ​ကြောင့်​မင်းသခင်​ရင်​ထဲမှာတစ်​မျိုး​လေးဖြစ်​သွားတာ​တော့အမှန်​ပင်

"ဒါဆိုကျွန်​​တော်​နဲ့အပြင်​သွားရ​အောင်​"

"အခုကအပြင်​မှာပဲ​လေ"

"မဟုတ်​ဘူး တခြား​နေရာသွားမယ်​...မင်းလည်းစာအုပ်​ဆိုင်​ကိုအမြဲတမ်း​ရောက်​​နေတာပဲ​လေ ဒီ​တော့တခြား​နေရာသွားရ​အောင်​"

"တခြား​နေရာ..."

"ကျွန်​​တော့်​ကိုမယုံလို့လား"

Maung(Completed)Where stories live. Discover now