30

31.5K 2.3K 26
                                    

သုတ ကိုယ့်​အခန်းထဲကိုယ်​​ရောက်​တာနဲ့ အခန်းတံခါးကိုပိတ်​ကာမှီပြီးသက်​ပြင်းချမိသည်​ အရမ်းပင်​ပန်းတာပဲ ​မောင့်​​ရှေ့မှာမသိသလိုဟန်​​ဆောင်​​နေရတာ...

တီတီတီ📱

သုတအခန်းထဲမှာ ကိုယ်​နဲ့မရင်းနှီးတဲ့ဖုန်းသံ​ကြောင့်​ ဟိုဘက်​ဒီဘက်​ကြည့်​ရင်း အကြည့်​​ရောက်​သွားတာက မနေ့တုန်းကအစ်​ကို့ကုမ္ပဏီမှာ တိုက်​မိတဲ့လူကျန်​ခဲ့တဲ့ဖုန်းဆီမှဖြစ်​​နေသည်

"ဟယ်​လို..."

"ဟယ်​လို...ကျွန်​​တော်​ပါ အဲ့ဖုန်းပိုင်​ရှင်​ပါ..ကျွန်​​တော်​ဖုန်းကိုပြန်​လိုချင်​လို့.."

"ဟုတ်​..ရပါတယ်​ "

"ဒါဆို လာရမယ့်​​နေရာ​ပြော​လေ...ဒီ​နေ့လာယူလို့ရမလား.."

"ဟို​လေ..ဒီ​နေ့​တော့မရဘူး...မနက်​ဖြန်​​လောက်​ဆိုရင်​​ကောအဆင်​​ပြေမလား.."

"အင်း...ရပါတယ်​ ဘယ်​မှာလာယူရမလဲ.."

"*$]]အဲ့စာအုပ်​ဆိုင်​ကိုမနက်​9နာရီ​လောက်​လာခဲ့​လေ.."

"Ok..ဒါဆို ကျွန်​​တော်​မနက်​ဖြန်​အဲ့ကိုဆက်​ဆက်​လာခဲ့ပါမယ်​.."

"ဟုတ်​ကဲ့.."

တစ်​ဖက်​လူကဖုန်းချသွားတာနဲ့သုတလည်းဖုန်းကိုချလိုက်​ပြီး ဗီရိုထဲက ဖန်​ဘူး​လေးတစ်​ဘူးကိုထုတ်​ယူလို်​က်​သည်​ ဖန်​ဘူးထဲမှာCallaပန်း​ခြောက်​​တွေက​နေရာယူထား​လေသည်

"....ခဏ​လေးပဲ​စောင့်​ပါ..​မောင်​ရယ်​...​မောင်​နဲ့အစ်​ကိုကြားထဲကအမုန်း​တွေ​ပြေသွား​အောင်​ သုတကြိုးစားပါ့မယ်​.."
......................
"သုတဆီကဖုန်းယူပြီးသွားပြီလား အာကာ.."

"မယူရ​သေးပါဘူး..သူ​ဌေး ဒါ​ပေမယ့်​စိတ်​ချပါ မနက်​ဖြန်​ ကျွန်​​တော်​သွားယူဖို့ သူနဲ့ချိန်းထားပြီးသွားပါပြီ.."

"အင်း..​မင်းကိုငါအ​ရေးတကြီးခိုင်းစရာတခုရှိတယ်​.."

ဦးသန်းထိုက်​ကသူ့စားပွဲခုံအံဆွဲထဲက​နေစာတစ်​​စောင်​ကိုထုတ်​ယူပြီး တပည့်​ဖြစ်​သူအာကာထံလှမ်း​ပေးလိုက်​သည်​ စာကနှစ်​အနည်းငယ်​ကြာ​နေပြီဆိုတာ ဝါကြင်​ကြင်​ဖြစ်​​နေတဲ့စာရွက်​အ​ရောင်​ကိုကြည့်​ရင်​သိနိုင်​သည်

Maung(Completed)Where stories live. Discover now