41

30.4K 2.5K 129
                                    

"........ခင်ဗျားပြောတိုင်း ကျွန်တော်ကယုံရမှာလား..သူခိုးကတော့ခိုးတယ်လို့ဘယ်ပြောမလဲ..ခင်ဗျားက မမကိုအကြပ်ကိုင်ပြီးဖျက်ဆီးခဲ့တာလေ...မမကိုတစ်ယောက်တည်းကူကယ်ရာမဲ့နေအောင်ခင်ဗျားဖန်တီးခဲ့တာ.. ပိုက်ဆံကသိပ်ကိုအရေးပါနေတယ်ပေါ့..ပိုက်ဆံရှိရင်ဘာမဆိုလုပ်လို့ရတယ်လို့ထင်နေတဲ့ခင်ဗျားလိုလူ...ဒီနေ့မှာကျရှူံးသွားပြီ မင်းမြတ်သီဟ..ခင်ဗျားလုံးဝကျရှူံးသွားပြီ...ခင်ဗျားလုပ်ခဲ့တဲ့ အပြစ်တွေအတွက်ခင်ဗျားညီ မြတ်သုတပါပေးဆပ်နေရတာတော့...စိတ်မကောင်းပါဘူး.."

"သုတ.....မင်းသခင်...မင်းသုတကိုဘာလုပ်လိုက်တာလဲ.."

မင်းမြတ်သီဟ ကသခင်ရဲ့လည်ပင်းကော်လံစကိုဆွဲကာ ဒေါသတကြီးမေးသည် သခင်ကတော့ မင်းမြတ်သီဟရဲ့လက်တွေကိုဖယ်ထုတ်ပစ်လိုက်ကာ ရယ်သည်

"....စိတ်ကိုလျော့မှပေါ့ မင်းမြတ်သီဟရဲ့...ကျွန်တော်ဘာမှအထွေထူးမလုပ်လိုက်ပါဘူး..ခင်ဗျား..ကျွန်တော့်အစ်မကိုလုပ်ခဲ့သလိုပဲလုပ်လိုက်တာ...အင်း..မြတ်သုတငိုနေတဲ့ပုံလေးကအရမ်းကိုကြည့်လို့ကောင်းတယ်..."

"မင်းသခင်....မင်း.."

"......ဆက်ပြောဖို့အချိန်မရှိတော့ဘူး...မင်းမြတ်သီဟ....ဟက်..ဒါနဲ့ခင်ဗျားရဲ့ကျရှူံးမှူအတွက်ဝမ်းသာပါတယ်.."

သခင်ကသူပြောချင်တာပြောပြီးသည်နဲ့အခန်းထဲကထွက်သွားလေသည် သခင်ထွက်သွားပြီးတော့ဝေယံကအခန်းထဲဝင်လာသည်

"ဝေယံ...ကားအဆင်သင့်ပြင်လိုက် အခုချက်ချင်း ငါတို့မင်းသခင်နောက်လိုက်ရမယ် သုူ့နောက်ကိုလိုက်ရင် သုတကိုငါတို့တွေ့နိုင်တယ်.."

"ဟုတ်ကဲ့ပါသခင်လေး.."

.........................

ကောင်းကင် သုတပြောထားတဲ့ခြံရှေ့ရောက်နေပေမယ့် ဘယ်သူမှမတွေ့ရသောကြောင့် လူခေါ်ခေါင်းလောင်းကိုတီးလိုက်သည် ခဏလောက်ကြာတော့အိမ်ထဲကနေ ဦးလေးတစ်ယောက်ထွက်လာသည်

"....ဘာကိစ္စရှိလို့လဲ မောင်ရင်.."

"ဒီမှာ သုတရှိလား.."

"သုတ?...အော်သိပြီ သခင်လေးခေါ်လာတဲ့ ကောင်လေးကိုပြောတာထင်တယ်...ရှိပါတယ် လာခြံထဲဝင်ခဲ့.."

​Maung(Completed)Where stories live. Discover now