17

28.8K 2.4K 35
                                    

"မမ​လေးစုံစမ်းခိုင်းတဲ့အတိုင်းကျွန်​​တော်​အားလုံးစုံစမ်းပြီးပါပြီ.."

ခါး​လောက်​ရှည်​တဲ့ဆံပင်​ကို​ကော်​ဖီ​ရောင်​ဆိုးထားကာ အ​ပေါ်ကရှပ်​အင်္ကျီအဖြူ​ရောင်​ ​အောက်​ကဂျင်း​ဘောင်းဘီအပြာ​ရောင်​နဲ့ ဆိုဖာ​ပေါ်မှာထိုင်​ကာ မဂ္ဂဇင်းဖတ်​​နေတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​သည်​ သူ့ကိုသတင်းလာ​ပေးတဲ့​ကောင်​​လေးတစ်​​ယောက်​ရဲ့စကား​ကြောင့်​ ဖတ်​လက်​စမဂ္ဂဇင်းကို​ဘေးဖက်​စားပွဲ​ပေါ်ပစ်​တင်​လိုက်​သည်​...ထို​ကောင်​မ​လေးက​တော့တခြားသူမဟုတ်​ သူ​ဌေးကြီးမိုးစက်​၏တစ်​ဦးတည်း​သောသမီး ​လေ​ပြေ​​​သွေးဖြစ်​သည်​...သူ့​ခြေ​ထောက်​​တွေကို​ဇလုံထဲထည့်ထားကာ​အောက်​မှာ​ကောင်​မ​လေးတစ်​​ယောက်​ကထိုင်​​နေပြီး ​ခြေ​ထောက်​​ကြေးချွတ်​​ပေး​နေရသည်

"ဘယ်​လိုလဲ..ကိုကိုအခုဘယ်​သူ​တွေနဲ့ပတ်​သက်​​နေလဲ..ဘယ်​မိန်းမ​တွေကိုကို့အနားကပ်​​နေလဲ.."

"အထူးခြား​တော့မရှိပါဘူး..မမ​လေး..ဒါ​ပေမယ့်​မြတ်​သုတဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​နဲ့​တော့ ရင်းနှီး​နေတာ​တွေ့ပါတယ်​.."

"​အော်​..မြတ်​သုတ..အဲ့ဒါကမင်းမြတ်​သီဟရဲ့ညီမလား..."

"ဟုတ်​ပါတယ်​"

"ငါ့ကိုဓာတ်​ပုံ​တွေပြ.."

"အဲ့ဒါက​လေ.."

ကောင်​​လေးကမပြပဲတွန့်​ဆုတ်​တွန့်​ဆုတ်​ဖြစ်​​နေ၍​လေ​ပြေစိတ်​မရှည်​​တော့ပဲ ထို​ကောင်​​လေးလက်​ထဲက ဓာတ်​ပုံထည့်​ထားတဲ့ စာအိတ်​ကိုလှမ်းယူလိုက်​သည်​....ဓာတ်​ပုံ​တွေထဲမှာ သခင်​နဲ့သုတ မိုး​ရေထဲမှာအကြည့်​ချင်းဆုံ​နေပြီးသခင်​ကသုတရဲ့ခါးကိုလှမ်းဖက်​ထားတဲ့ပုံ​တွေ..ကစားကွင်းမှာ​ပျော်​​နေတဲ့ပုံ​တွေက ​လေ​ပြေကို​ဒေါသထွက်​​စေသည်

"​တောက်​..ဒါ​တွေကဘာ​တွေလဲ.."

ဗွမ်း💦💦

လေ​ပြေ​ဒေါသထွက်​ထွက်​နဲ့သူ့​ခြေ​ထောက်​​တွေကို​ရေဇလုံထဲက​နေထုတ်​လိုက်​ပြီး ဇလုံကိုကန်​ပစ်​လိုက်​​တော့ ဇလုံထဲက​ရေ​တွေက​အောက်​မှာထိုင်​​နေတဲ့​ကောင်​မ​လေးအင်္ကျီ​မှာ​ကော ကြမ်းပြင်​မှာပါစိုရွဲသွားသည်​...သူတို့မမ​လေး​ဒေါသထွက်​​​နေမှန်းမသိ​တော့ ဘယ်​သူမှစကားမစရဲ...

Maung(Completed)Where stories live. Discover now