"...ကိုကောင်းကင် လာတာစောတယ်နော်.."
ခြံထဲမှာအဝတ်တွေရုတ်နေတဲ့မဖြူက ကောင်းကင်ကိုတွေ့တော့လှမ်းနှူတ်ဆက်လေသည်
"...ဟုတ်တယ်မဖြူ...မင်းသခင်တို့နဲ့အရေးကြီးတာပြောစရာရှိလို့လေ.."
".....အမယ်လေး...ကိုမင်းသခင်တို့ကတော့ သုတအနားမှာကော်နဲ့ကပ်ထားသလားတောင်အောက်မေ့ရတယ်.."
"ဟားဟား...သူတို့အဆင်ပြေနေတော့ကောင်းတာပေါ့.."
"ဒါနဲ့နှာခေါင်းက..."
"အာ..စားပွဲနဲ့ဆောင့်မိတာပါ.."
"အော်...ရောင်နေတာမသက်သာရင် ကျွန်မဆီမှာဆေးဘူးရှိတယ်နော်..သုတကိုမေးလိုက်ရင်သိတယ်သူယူပေးလိမ့်မယ်.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..."
ကောင်းကင် ဧည့်ခန်းထဲဝင်လာတော့ ဆိုဖာပေါ်မှာမှီပြီးထိုင်နေတဲ့သုတနဲ့ ဘေးမှာသစ်တော်သီးထိုင်ခွာနေတဲ့သခင့်ကိုတွေ့လိုက်ရလေသည်
"...ကောင်းကင်ရောက်လာပြီလား...လာလေထိုင်.."
သုတကကောင်းကင်ကိုတွေ့တော့ ထိုင်နေရာကနေထပြီးကောင်းကင်ကိုထိုင်ဖို့လောကွတ်လုပ်သည်
'သုတကြည့်ရတာတခုခုထူးဆန်းနေသလိုပဲ..ဒါနဲ့မင်းမြတ်သီဟကိုလည်းမတွေ့ရပါလား..'
ကောင်းကင်အိမ်ထဲကိုဝေ့ဝိုက်ကြည့်ပြီးရှာနေပေမယ့်မင်းမြတ်ကိုမတွေ့ရပေ
"...ဘယ်သူ့ကိုရှာနေတာလဲ ကောင်းကင်.."
"အမ်...ဘယ်သူမှမရှာပါဘူး.."
"ဒါဆိုလည်းထိုင်လေ.."
"အင်း...မင်းသခင်ဒီမှာ..ဒါကအာကာသွားတတ်တဲ့နေရာတွေ.."
ကောင်းကင်ကစာအိတ်တခုကိုသခင့်ဆီလှမ်းပေးတော့သခင်ကသစ်တော်သီးနဲ့ဓားကိုပန်းကန်ထဲခဏချကာ စာအိတ်ကိုလှမ်းယူလိုက်သည်
"...ဒီနေရာတွေငါသိတယ်..ငါ့မှာအဲ့ကောင်ကိုချောင်ပိတ်ဖမ်းဖို့အကြံဉာဏ်ကောင်းရှိတယ်.."
"ဘယ်လိုလဲ.."
"ကောင်းကင်ရိပ်..."
ဝှီးချဲနဲ့အနားကိုရောက်လာတဲ့မင်းမြတ်ကြောင့့် ကောင်းကင်လှည့်ကြည့်မိလိုက်သည်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်