49

32.7K 2.6K 26
                                    

"မမဆု..."

သခင် ရုံးခန်းထဲဝင်လာတော့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ မိန်းကလေးကြောင့်အံ့သြ သွားရသည် ဒီမိန်းကလေးကသူ့အမဖြစ်သူရဲ့အချစ်ဆုံးသူငယ်ချင်းဆုမွန်...မမမဆုံးခင်ကတည်းကမတွေ့တာတော်တော်ကြာနေခဲ့ပြီ ဒါပေမယ့်သူ့အမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်၍သူနဲ့လည်းမောင်နှမတွေလိုပင် ရင်းနှီးကာသံယောဇဉ်ရှိခဲ့ကြသည်

"...မောင်လေး...နေကောင်းရဲ့လား.."

သခင်ကမဆုမွန်ရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ကာ

"ဟုတ် ကောင်းပါတယ် မတွေ့တာတောင်ကြာပြီနော်.."

"ဟုတ်တယ် 5နှစ်တောင်ကြာသွားပြီ.."

"...တခုခုသောက်ဦးလေ..မမဆု.."

"မသောက်တော့ဘူး..မောင်လေးရယ်..ဟင်း..ဝတီသတင်းကြားရတာစိတ်မကောင်းဘူး...သူမဆုံးခင်ကတောင်မမနဲ့တွေ့ဖြစ်ကြသေးတယ်..အဲ့တုန်းကတည်းကသူ့ကြည့်ရတာတမျိူးပဲ..တခုခုကိုထိတ်လန့်နေသလိုမျိူး...မမလည်းမေးပေမယ့် သူကဘာမှမပြောဘူးလေ..ဒါပေမယ့်စာတစ်စောင်ပေးတယ်..ဒီစာကို မောင်လေးဆီမမကိုယ်တိုင်ပေးပေးပါတဲ့.."

"စာ..?..ဘယ်စာလဲ.."

"မမလည်းမသိပါဘူးကွယ်...မောင်လေးကို သူကိုယ်တိုင်ဘာလို့မပေးတာလဲလို့မေးတော့..သူကပြောတယ်..ငါကိုယ်တိုင်ပေးချင်ပေမယ့် အဆင်မပြေလို့တဲ့...နောက်တစ်ပတ်တနင်္လာနေ့လောက်ကျမှ မောင်လေးကိုပေးပေးပါတဲ့..မထင်ထားခဲ့ဘူး..အဲ့နေ့မှာသူသေ သွားလိမ့်မယ်လို့...မမဒီကိုချက်ချင်းပြန်လာချင်ပေမယ့် ခက်တာက မမကအလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခရီးထွက်နေတာ..ပြန်လာလို့မရဘူး လူကြုံနဲ့ပေးခိုင်းဖို့ကလည်း ဝတီက မမကိုကိုယ်တိုင်ပေးခိုင်းတာဆိုတော့လေ...မမဒီကို ဝတီဆုံးပြီးတစ်လလောက်ကြာတော့မှပြန်ရောက်လာတာ...မမဒီကိုပြန်လာတော့...မင်းကဒီမှာမရှိတော့ဘူး နိုင်ငံခြားထွက်သွားပြီတဲ့..မမလည်း မင်းကိုလိုက်ရှာပြီး စာကိုပေးဖို့ခက်သွားတယ်..အဲ့ဒါနဲ့ဒီလိုအချိန်တွေကြာကုန်တာပဲ..အခုလည်းမမ မနေ့ကမှ သြစတြေးလျကနေဒီကိုပြန်ရောက်တာ..မမ အဖေကျန်းမာရေးကြောင့်အဲ့မှာသွားကုသရတာလေ..ဒီကိုပြန်ရောက်ရောက်ချင်းမင်းကိုစရှာရတာပဲ..မင်းက ဒီမှာရှိတယ်ဆိုလို့ လိုု်က်လာခဲ့တာ.."

​Maung(Completed)Where stories live. Discover now