68

26.9K 2.1K 70
                                    

"....သုတနိုးလာပြီလား..."

"ဟုတ်ကဲ့မဖြူ.."

"..သုတလေး..မင်းသခင်ကအရေးကြီးကိစ္စရှိလို့ကုမ္ပဏီသွားတယ်တဲ့..သားနိုးလာရင်လိုက်ရှာနေမှာဆိုးလို့ အန်တီကိုပြောခိုင်းခဲ့တာ.."

"ဟုတ်အန်တီ...သူသွားတာကြာပြီလားဟင်.."

"အင်း...နည်းနည်းတော့ကြာပြီသုတ...."

"...အော်...ဟုတ်...အစ်ကိုရောနိုးပြီလား.."

"နိုးပြီသားရေ..ခြံထဲမှာထိုင်နေတယ်..သုတကောမနက်စာစားတော့မလား.."

"ဟုတ်..ခဏနေရင်စားမယ်နော်.."

သုတခြံထဲထွက်လာတော့ ဝှီးချဲပေါ်တွင်ထိုင်ကာကောင်းကင်ကိုမော့ကြည့်နေတဲ့မင်းမြတ်ကိုတွေ့ရလေသည်

"...အစ်ကို..."

"သုတနိုးလာပြီလား.."

"...ဟုတ်...အစ်ကို..ကောင်းကင်ကိုဘယ်လိုမြင်လဲ.."

အစ်ကိုနဲ့ကောင်းကင်ကြားကအခြေနေကငြိမ်သက်နေ၍သုတမေးလိုက်မိသည် ကောင်းကင် အစ်ကို့ဆီကအဖြေတောင်းထားတာ အခုဆိုလအတော်ကြာနေပြီမလား အစ်ကိုကငြင်းလည်းမငြင်းဘူး ဘာမှလည်းမပြောဘူး ဒါပေမယ့်ကောင်းကင်ကတော့ ဇွဲကောင်းနေဆဲပဲ တခါတရံမှာအစ်ကို့ကိုချစ်သူတွေလိုမျိူးစနောက်ပေမယ့် အစ်ကိုကထအော်တာကလွဲရင်ဘာမှမလုပ်ဘူး သုတအထင်တော့အစ်ကိုလည်း ကောင်းကင် ကိုချစ်နေတာပဲ ဒါပေမယ့်ဝန်ခံရမှာရှက်နေတာဖြစ်နိုင်တယ်

"....သူကလူကောင်းတစ်ယောက်ပါ..."

"အစ်ကို သူ့ကိုချစ်တယ်မလား.."

"............"

"ဆိတ်ဆိတ်နေခြင်းကဝန်ခံခြင်းတဲ့...အစ်ကိုရဲ့ကောင်းကင်အပေါ်ထားတဲ့စိတ်ကိုသုတသိပါတယ်.."

"......အစ်ကိုလည်းသူ့လိုပဲခံစားနေရတယ်ထင်တယ်..ဒါပေမယ့်အစ်ကိုကိုယ်တိုင်ထုတ်ဖြေရမှာကတမျိူးကြီးပဲ.."

"....သုတနားလည်ပါတယ်...ဒါပေမယ့်ဒီအတိုင်းကြီးပဲဆက်သွားလို့မရဘူးလေ..အစ်ကိုအချိန်ဆွဲထားတာ 6လလောက်ရှိနေပြီ..."

"....အင်း..အဲ့ဒါနဲ့ပတ်သက်ပြီးအစ်ကိုလည်းသူ့ကိုစောင့်ခိုင်းသလိုဖြစ်နေတော့ အားနာမိတယ်..အစ်ကိုသူ့ကိုထုတ်ပြောဖို့ကြိုးစားပါတယ်..ဒါပေမယ့်သူ့မျက်နှာမြင်ရင်ပြောချင်တာတွေမေ့သွားပြီးပြောမထွက်တော့ဘူး..."

​Maung(Completed)Where stories live. Discover now