38

31.6K 2.4K 62
                                    

".......​မောင်​ ဘယ်​သွားမှာလဲဟင်​.."

ကား​ပေါ်​ကို​ရောက်​တဲ့အထိ သခင်​ကဘာစကားမှမ​ပြော၍သုတကပဲအရင်​​မေးလိုက်​သည်

"တစ်​​နေရာရာ​ပေါ့...ခါးပတ်​​သေချာပတ်​ထား..."

မောင့်​စကား​ကြောင့်​ သုတ နည်းနည်း​တော့စိတ်​မ​ကောင်းဖြစ်​မိသည်​ အရင်​ကဆို​မောင်​ပဲပတ်​​ပေး​နေကြ​လေ ဟင်း...ဘာပဲဖြစ်​ဖြစ်​ အ​ခြေအ​နေ​တွေကတူ​တော့တာမှမဟုတ်​တာ ​မောင်​နဲ့သူကလမ်းခွဲ​တော့မှာ​ပဲ

သုတခါးပတ်​ပတ်​ပြီးသည်​နဲ့သခင်​က ကားကိုစ​မောင်း​တော့သည်​ အရင်​တုန်းကနဲ့မတူပဲ ပိုပြီးအရှိန်​ပြင်းစွာ​မောင်း​နေတဲ့ သခင်​​ကြောင့်​ သုတဘုရားတ​နေရသည်

ကားက​နေရာ​တော်​​တော်​များများကိုဖြတ်​​ကျော်​ကာ တိတ်​ဆိတ်​​နေတဲ့​နေရာနားကို​ရောက်​လာ​လေသည်

'​မောင်​ ဘယ်​သွား​နေတာလဲ..'

"​မောင်​ ဘယ်​သွား​နေတာလဲ...တိတ်​ဆိတ်​​နေတာပဲ ပြန်​ရ​အောင်​.."

"..........."

သခင်​ကသုတကိုဘာတခွန်းမှပြန်​မ​ပြောပဲ ဆက်​​မောင်း​နေကာ ခြံတစ်​ခြံနား​ရောက်​​တော့ရပ်​လိုက်​သည်​ သုတခြံထဲကိုကြည့်​လိုက်​​တော့လူတစ်​​ယောက်​မှရှိမ​နေခဲ့​ပေ

သခင်​ကကား​ပေါ်က​နေဆင်းလိုက်ကာ သုတဖက်​ကကားတံခါးကိုဖွင့်​လို်​က်ပြီး

"ဆင်း​လေသုတ.."

".....ဒါကဘယ်​​နေရာလဲ.."

".....အရင်​တုန်းက​တော့ အရမ်း​ပျော်​ဖို့​ကောင်းတဲ့​နေရာ​ပေါ့...​မောင့်​အစ်​မနဲ့အတူတူ​နေခဲ့တဲ့အိမ်​​လေ.."

သုတကဟိုဘက်​ဒီဘက်​ကြည့်​ရင်းကား​ပေါ်က​နေဆင်းလာခဲ့သည်

"သွားရ​အောင်​.."

သခင်​​က ခြံတံခါး​သော့ကိုဖွင့်​လိုက်​ပြီး ခြံထဲဝင်​သွား​တော့ သုတလည်းဝင်​လာခဲ့သည်​ ခြံထဲမှာပန်းပင်​အမျိုးမျိုးကို​တွေ့ရသည်​ အထူးသဖြင့်​နှင်းဆီအနီ​ရောင်​ ​တွေကအများကြီးပင်

Maung(Completed)Where stories live. Discover now