27

27.4K 2.4K 56
                                    

"​မောင်​....တကယ်​လို့များ​လေ အ​ကြောင်းတခုခု​ကြောင့်​ ​မောင်​နဲ့သုတ​ဝေးသွားမယ်​ဆိုရင်​ ​မောင့်​ကိုသုတတကယ်​ချစ်​တာကို​တော့ယုံပါ​နော်​.."

"အင်း..ယုံပါတယ်​သုတရယ်​.."

"ချစ်​လားဟင်​..​မောင်​​ပြောကြည့်​ပါလား..သုတကိုအရမ်း​မောင်​ကအရမ်းချစ်​ပါတယ်​လို့.."

"အင်း..ချစ်​တယ်​​နော်​ ​မောင်​ကသုတကိုအရမ်းချစ်​တယ်​.."

"သုတလည်း​မောင့်​ကိုအရမ်းချစ်​တယ်​.."

သုတတခုခုဖြစ်​​နေတာကိုသခင်​သတိထားမိသည်​ ခါတိုင်းနဲ့မတူပဲသုတရဲ့အသံထဲမှာဝမ်းနည်းပြီး​ကြေကွဲ​နေတဲ့ခံစားချက်​​တွေကိုခံစားမိ​နေသလိုပဲ

"​မောင်​သွားရ​အောင်​​လေ ရုပ်​ရှင်​သွားကြည့်​မယ်​ဆို "

"အင်း.."

......................
"ဒီ​တော့ ဒီကိစ္စနဲ့ပတ်​သက်​ပြီး​မောင်​ရင်​ဘယ်​လို​ဖြေရှင်းမလဲ.."

"ကျွန်​​တော့်​​အဲ့​မြေကွက်​ကိုရ​အောင်​မယူနိုင်​ခဲ့တာအတွက်​စိတ်​မ​ကောင်းပါဘူး.ဒါ​ပေမယ့်​စိတ်​ချပါ..ကျွန်​​တော်ကိုအချိန်​တစ်​ပတ်​​လောက်​ပဲထပ်​​ပေးကြပါ အဲ့တစ်​ပတ်​အတွင်းမှာကျွန်​​တော်​ ​နေရာ​ကောင်း​ကောင်းရ​အောင်​ရှာမယ်​..ကျွန်​​တော့်​ကိုယုံကြည်​ဖို့ပဲလိုတယ်​.."

အခုကမင်းမြတ်​သီဟ တို့ဆက်​လုပ်​မယ့်​ပ​ရောဂျက်​နဲ့ပတ်​သက်​ပြီး ဒါရိုက်​တာအဖွဲ့ဝင်​​တွေရှယ်​ယာရှင်​​တွေနဲ့အ​ရေး​ပေါ်အစည်း​ဝေးထိုင်​​နေကြခြင်းဖြစ်​သည်

"​မောင်​ရင်​ရဲ့အရည်​ချင်းကိုအန်​ကယ်​တို့သံသယဖြစ်​စရာမရှိပါဘူး..​မောင်​ရင့်​ကိုယုံလို့လည်းအခုချိန်​ထိလက်​တွဲခဲ့တာ​ပေါ့ ​မောင်​ရင်​​ပြောတဲ့အတိုင်းဖြစ်​​အောင်​လုပ်​နို်​င်​မယ်​လို့အန်​ကယ်​တို့ယုံကြည်​ပါတယ်​.."

"ကျွန်​​တော့်​ကိုယုံ​ပေးကြတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​.."

"အင်း..ဒါ​ပေမယ့်​လည်းအခုချိန်​မှာ မင်းသခင်​တို့ဖက်​ကအသာစီးရ​နေတာ​တော့အမှန်​ပဲ..​မောင်​ရင်​.."

Maung(Completed)Where stories live. Discover now