75(Final)

73.6K 2.8K 250
                                    

1နှစ်ခွဲကြာပြီးနောက်

သစ်သားခုံတန်းလေးပေါ်တွင်ထိုင်ကာ ပြာလွင်နေသောကောင်းကင်ကြီးကိုမော့ကြည့်နေတဲ့ကောင်လေးတစ်ယောက်

"....ဒယ်ဒီ...အီးအီး.."

ကောင်းကင်ကြီးကိုပဲအာရုံရောက်နေသောကြောင့် ဘေးကထိုင်နေတဲ့ကလေးရဲ့စကားကိုမကြားမိပေ

"...အီးအီး..."

ကလေးလေးက စိတ်မရှည်တော့သောကြောင့် ထိုင်နေတဲ့ကောင်လေးရဲ့အကျႌစလေးကိုဆွဲကာပြောမှ ထိုကောင်လေးကလှည့်ကြည့်လာသည်

"...အီးအီး..ဒယ်ဒီ.."

"....ဟာ...အများကြီးပဲလား သားလေး..ဒယ်ဒီကိုဘာလို့ကြိုမပြောတာလဲ.."

"ပြော..ပြော.."

"....ဒယ်ဒီ မကြားလိုက်မိဘူး...အခုဘယ်လိုလုပ်ရမလဲ...ဟင်း...သုတရေ..မင်းမရှိတာနဲ့မောင့်မှာတစ်ယောက်တည်းဘယ်လိုလုပ်ရမယ်မှန်းမသိတော့ဘူး.."

".....ငြီးမနေစမ်းပါနဲ့မောင်ရယ်...သုတခဏလေးထွက်သွားမိတာပါ..အခုသားလေးဘာဖြစ်တာလဲ.."

လက်ထဲမှာ စိပ်ထားတဲ့သစ်တော်သီးတွေကိုထည့်ထားတဲ့ ဇလုံကိုကိုင်ကာ သုတက ခုံတန်းမှာထိုင်နေတဲ့သခင့်ကိုမေးလိုက်သည်

"...အီးအီး..."

သားလေးမင်းသုတက သခင်မဖြေခင် သူ့ဘောင်းဘီသူလက်ညိုးထိုးပြကာ သုတကိုပြောလေသည်

".....သားလေးက အီးအီးတွေပါထားတာလား...ဖေဖေသန့်ရှင်းပေးမယ်နော်...."

သုတက လက်ထဲမှာကိုင်ထားတဲ့ ဇလုံကိုခုံတန်းပေါ်ချကာ မင်းသုတကိုချီလိုက်သည်

".....သားလေးကို ဒိုင်ပါသွားလဲပေးလိုက်ဦးမယ်..."

"...မောင်လည်းလိုက်ခဲ့မယ်လေ.."

"....မလိုက်နဲ့ အိမ်သာသွားမှာ ကစားကွင်းသွားမှာမဟုတ်ဘူး...မောင်နော်..ခုနကကောင်းကင်ပေါ်မော့ပြီးဘာကြည့်နေမှန်းလဲမသိဘူး..သားလေးခေါ်တာကိုမကြားဘူးလား...သုတတောင်အဝေးကနေလှမ်းမြင်ရတယ်...ဒီလိုအတိုင်းသာဆို သားကိုတစ်ယောက်ယောက်ချီခေါ်သွားရင်တောင်မောင်သိပါ့မလား.."

​Maung(Completed)Where stories live. Discover now