3

50.3K 3.7K 145
                                    

"သုတ..ဒီ​နေ့​နောက်​ကျတယ်​​နော်​"

အိမ်​ရှေ့မှာထိုင်​ပြီးသူ့ကိုစကားလှမ်း​ပြော​နေတဲ့မင်းမြတ်​သီဟရဲ့စကားကိုကြားလိုက်​ပုံမရပဲ..မြတ်​သုတက​လှေကား​ပေါ်တက်​ဖို့ပြင်​​နေ​လေသည်

"သုတ..သုတ"

"အမ်​..အစ်​ကို...ဘာဖြစ်​လို့လဲ"

"အစ်​ကို​ခေါ်​နေတာကြာပြီ​လေ..ဘာ​တွေစဉ်းစား​နေတာလဲ "

"ဘာမှမဟုတ်​ပါဘူး..ဒီအတိုင်းစာအုပ်​အ​ကြောင်းစဉ်းစား​နေတာ"

"​အော်​..ဒီ​နေ့ညီ​လေးပြန်​လာတာ​နောက်​ကျတယ်​​နော်​..အိမ်​ကလာကြိုတဲ့ကားနဲ့လည်းပြန်​မလာဘူး..ဘယ်​​တွေ​လျောက်​သွား​နေတာလဲ"

"ဘယ်​မှမသွားပါဘူး..​ခေါင်းနည်းနည်း​နောက်​​လာလို့ပန်းခြံတစ်​ခုမှာသွားထိုင်​​နေတာ"

ငယ်​ငယ်​ကတည်းကသူငယ်​ချင်းထားတာ​တောင်​မကြိုက်​တဲ့အစ်​ကိုဖြစ်​သူ​ကြောင့်​မြတ်​သုတလိမ်​​ပြောလိုက်​ရသည်

"ဖျား​နေတာလား ညီ​လေး"

ခေါင်း​နောက်​​နေတယ်​လို့်​ပြောလိုက်​တာနဲ့လက်​ထဲကသတင်းစာကိုပစ်​ချကာအနားကို​ရောက်​လာပြီးနဖူး​ပေါ်အပူချိန်​လာတိုင်းတဲ့မင်းမြတ်​သီဟ​ကြောင့်​မြတ်​သုတလိမ်​​ပြောလိုက်​ရတာကို​တောင်​စိတ်​မ​ကောင်းဖြစ်​ရသည်

"မဖျားပါဘူး..နည်းနည်းပဲ​ခေါင်း​နောက်​တာ အခုသက်​သာသွားပါပြီ"

"ဟုတ်​လို့လား..​နေလို့မ​ကောင်းရင်​အစ်​ကို့ကို​ပြောရမယ်​​နော်​"

"သိပါပြီခင်ဗျာ​​..ဒီကအစ်​ကိုကိုမှမ​ပြောရင်​ဘယ်​သူ့ကိုသွား​ပြောရမှာလဲ...ညီ​လေးမှာ​သွေးသားရင်းဆိုလို့အစ်​ကိုတစ်​​ယောက်​ပဲရှိတာ"

"ဟုတ်​ပါပြီ....အစ်​ကိုမနက်​ဖြန်​​တောင်​ကြီးဖက်​ကိုအလုပ်​ကိစ္စနဲ့ပတ်​သက်​ပြီးခရီးထွက်​ဖို့ရှိတယ်​..တစ်​ပတ်​​လောက်​ကြာမယ်​..ဘယ်​မှ​လျောက်​မသွားနဲ့​နော်​..သွားရင်​လည်း​ဘော်​ဒီဂတ်​​တွေနဲ့အန်​တီကိုပါ​ခေါ်သွား"

Maung(Completed)Where stories live. Discover now