"....အင်း..."
သုတ မျက်လုံးဖွင့်ဖွင့်ချင်း သူ့ရှေ့မှာတွေ့လိုက်ရတဲ့သခင့်ကြောင့်လန့်ပြီး ထထိုင်မိသည်
"အာ့...နာလိုက်တာ...."
သခင်ကတော့နိုးသေးပုံမရပဲ အိပ်ပျော်နေသည် သခင့်ကိုတွေ့တွေ့ချင်းသုတမျက်ဝန်းမှာမျက်ရည်တွေဝဲတက်လာကာ မနေ့ကအကြောင်းတွေကိုပြန်ပြီးမြင်ယောင်လာသည် သူမနေ့ကငိုပြီးတောင်းပန်ခဲ့တယ် အော်ပြီးလည်းအကူညီတောင်းရလွန်းလို့ လည်ချောင်းတွေကွဲမတတ်ပဲနာကျင်ရသည် ဒါပေမယ့် သခင်ကတော့ သူ့ရဲ့နာကျင်မှူတွေကိုလျစ်လျူရှူ့ခဲ့တယ်
"နိုးပြီလား.."
ရုတ်တရက်ကြားလိုက်ရတဲ့သခင့်အသံကြောင့် သုတ ထိုင်နေရက်နဲ့ပဲနောက်ကိုနည်းနည်းဆုတ်သွားသည်
"......"
သခင်ကသုတဆီကိုလက်လှမ်းလာတော့ သုတမျက်လုံးအစုံတွေကိုပိတ်မိသွားကာ ကိုယ်လေးပါအနည်းငယ်ကျူံ့သွားသည် သခင်ရဲ့လက်ကသူ့နဖူးကိုလာစမ်းနေလေသည်
"....အင်း..အဖျားတော့ကျသွားပြီပဲ...နာနေသေးလား.."
"............"
"တစ်ညလောက်အတူတူနေလိုက်ရုံနဲ့ အသွားတာလား.."
"....အိမ်ပြန်ချင်တယ်.."
သခင်က သုတစကားကိုကြားတော့မျက်နှာမဲ့ကာ ကုတင်ပေါ်ကနေထသည် ပြီးတော့သူ့ရဲ့ကုတ်အကျႌကိုပြန်ဝတ်ရင်း
"ပြန်ရမှာပါ...မင်းလမ်းလျောက်လို့ရရင်ပေါ့.."
သုတကသခင့်စကားကိုကြားတော့ ခေါင်းငုံ့ထားရာကနေမော့ကြည့်သည်
"....ဘာလဲ ငါကမင်းကိုချီပြီး မင်းအစ်ကိုဆီလိုက်ပို့ပေးဖို့တော့မျော်လင့်နေတာမဟုတ်ဘူးမလား..§"
"........မလိုဘူး..ငါလမ်းလျောက်နိုင်တယ်.."
".....ဟုတ်လား..ဒါဆိုလည်းလျောက်ကြည့်ပါလား.."
သခင့်ရဲ့စကားကြောင့် သုတကချက်ချင်း သူ့ပေါ်ကစောင်ကိုဖယ်ပြီး ခြေထောက်ကို ကုတင်အောက်ချကာ စလျောက်သည် အောက်ပိုင်းကနေစူးခနဲနာကျင်လာတဲ့ခံစားချက်ကြောင့် မာနနဲ့ထိန်းထားတဲ့ခြေထောက်အစုံတို့ကကြမ်းပြင်ပေါ်ခွေခေါက်ကာလဲကျလေသည်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်