44

30.4K 2.3K 84
                                    

"....ဟဲ့..အဲ့ပန်းကဘာပန်းလဲ လှတယ်နော်..."

"ဟီး.ဟီး..လှတယ်မလား..ဒါကCallaပန်းလို့ခေါ်တယ်...နာမည်နဲ့ပန်းကိုတွဲပြီးသိတဲ့သူရှားတယ်..."

သခင်သူ့ရုံးခန်းထဲကိုအသွားလမ်းမှာ ဝန်ထမ်းကောင်မလေး2ယောက်အချင်းချင်းပြောနေတာကိုကြားပြီး ခဏရပ်တန့်သွားမိသည်

'အဖြူရောင်Callaပန်းလေးရဲ့အဓိပ္ပါယ်က ဖြူစင်ခြင်းတဲ့ မင်းနဲ့လိုက်ဖက်တယ် သုတ..'

'....သုတကအဖြူရောင်ကို အကြိုက်ဆုံးပဲ..'

အတွေးထဲမှာလည်း သုတနဲ့သူချိန်းတွေ့တုန်းကအကြောင်းတွေကိုပြန်စဉ်းစားမိလာသည်

'ကျစ်...မင်းသခင် မင်းကိုယ်မင်းထိန်းစမ်း..မင်းသူနဲ့တွဲခဲ့တာက မမအတွက်လက်စားချေပေးဖို့သက်သက်ပဲ...အခုမမအတွက်လည်းလက်စားချေပြီးပြီဆိုတော့ သူနဲ့ပတ်သက်စရာမလိုတော့ဘူး..ဟုတ်တယ်..သူနဲ့တွဲခဲ့တဲ့အချိန်ကြောင့် ဒီအတိုု်င်းနည်းနည်းပါးပါးသံယောစဉ်ရှိနေတာ...'

သခင် ကိုယ့်စိတ်ကိုယ်ညာပြီး ရုံးခန်းဆီပဲလျောက်လာခဲ့သည်

"သခင်လေး..မမလေးလေပြေရောက်နေပါတယ်.."

"အင်း..."

သခင် အခန်းထဲဝင်သွားတော့ လေပြေကဆိုဖာပေါ်မှာထိုင်ကာ လက်ထဲမှာလည်းဖိုင်တွဲတခုကိုကိုင်ထားသည်

"ကိုကို...ရောက်လာပြီလား..လေပြေစောင့်နေတာကြာပြီ...ဘယ်တွေသွားနေတာလဲ.."

"အင်း....ဌာနတွေကိုသွားစစ်ဆေးနေလို့..လေပြေဘာကိစ္စရှိလို့လဲ..."

"ဒီမှာကြည့်ပါဦးကိုကို...နေရာတွေအကုန်လုံးကလှလိုက်တာ ဘယ်နေရာကိုရွေးရမယ်မှန်းတောင်မသိတော့ဘူး.."

လေပြေက လက်ထဲကဖိုင်တွဲကိုဖွင့်ပြတော့ ဖိုင်တွဲထဲမှာ မင်္ဂလာဆောင်အခမ်းအနားပုံတွေကနေရာယူထားကြသည်

"ဒါတွေက ဘာတွေလဲလေပြေ.."

"လေပြေနဲ့ကိုကို မင်္ဂလာဆောင်အတွက်လေ..ကိုကိုဘယ်နေရာမှာမင်္ဂလာပွဲလုပ်ချင်လဲ...လေပြေကတော့ ဒူဘိုင်းဖက်မှာဆို မဆိုးဘူးလို့ထင်တယ်..ဒါမှမဟုတ်.."

​Maung(Completed)Hikayelerin yaşadığı yer. Şimdi keşfedin