36

28.3K 2.2K 81
                                    

သခင်​ စာကိုကြည့်​ပြီးစိတ်​ထဲမှာရှူပ်​​ထွေးလာသည်​ ဒီစာကအရင်​ကတည်းကရှိခဲ့တာလား ဒါဆိုသူဘာလို့ဒီစာကိုသတိမထားမိခဲ့တာလဲ
သခင်ေ​တွး​နေတဲ့အ​တွေး​တွေကိုခဏရပ်​တန့်​လိုက်​ပြီး စာကိုဖတ်​ကြည့်​လိုက်​သည်

"မမ..."

စာထဲမှာမြင်​လိုက်​ရတဲ့မမရဲ့လက်​​ရေး​ကြောင့်​ သခင်​အံ့သြ သွားရသည်​ ဒီစာကမမ​ရေးခဲ့တဲ့စာလား

📜မင်းမင်း...မမအရမ်းချစ်​ရတဲ့​မောင်​​လေး..​မောင်​​လေးဒီစာကိုဖတ်​​နေတဲ့အချိန်​မှာ မမမရှိနိုင်​​တော့ဘူး ဒါ​ပေမယ့်​မမခံစားခဲ့ရတဲ့နာကျင်​မှူ​တွေကို ​မောင်​​လေးသိ​အောင်​​ပြောပြချင်​တယ်​ မမ..မမအရမ်းရှက်​လွန်းလို့ အသက်​ရှင်​​နေတဲ့အချိန်​မှာ မ​ပြောဝံ့ခဲ့ဘူး....မင်းမြတ်​သီဟ ဆိုတဲ့လူယုတ်​မာ​ကောင်​က ​ကြောင်​သူ​တော်​ကြွက်​သူခိုး...မမရဲ့အပျိုစင်​ဘဝကိုဖျက်​ဆီးခဲ့တယ်​...ဟက်​ သူကအပြင်​ပိုင်းမှာ​တော့မမကိုစိတ်​မဝင်​စားသလိုနဲ့ အတွင်းထဲက​နေမမကိုယုတ်​မာဖို့ကြံစည်​​နေတာ​လေ မမကိုလိမ်​​ခေါ်ပြီး​​မေ့​ဆေးခတ်​ခဲ့တယ်​..​နောက်​ပြီး​တော့ သူ....မမဘဝကိုဖျက်​ဆီးခဲ့တယ်​ မင်းမင်းရယ်​ မမကသက်​ဆိုင်​ရာကိုတိုင်​မယ်​ဆိုရင်​ မမနဲ့မင်းမင်းရဲ့ အသက်​ကိုရန်​ရှာမယ်​တဲ့...ပိုပြီးဆိုးတာက မမတို့ဖြစ်​ပျက်​ခဲ့တာ​တွေကိုသူက videoရိုက်​ထားခဲ့တယ်​ ဒီအ​ကြောင်း​တွေကို မမတစ်​​ယောက်​​ယောက်​ဆီ​ပြောမယ်​ဆိုရင်​ အင်​တာနက်​မှာတင်​ပစ်​မယ်​တဲ့ အဲ့လူကအရမ်းလည်​တယ်​ မင်းမင်း သူ့မျက်​နှာကို​တော့ဝါးထားပြီး တင်​မှာတဲ့ မမဘာလုပ်​ရမလဲ မင်းမင်းရယ်​ ​မောင်​​လေးကိုလည်းမ​ပြောရက်​ခဲ့ဘူး...မင်းမြတ်​သီဟက ပိုက်​ဆံရှိရင်​ဘာမဆိုလုပ်​နိုင်​တယ်​လို့ထင်​​နေတာ မမတို့လိုသာမန်​လူတန်းစား​တွေအတွက်​​တော့ သူနဲ့ဘယ်​လိုယှဉ်​နိုင်​မှာလဲမင်းမင်းရယ်​...မမအတွက်​တရားမျတမှူရ​အောင်​လုပ်​​ပေးပါ..📜

"​တောက်​ မင်းမြတ်​သီဟ လူယုတ်​မာ​ကောင်​.."

သခင်​ စာကိုဖတ်​ပြီးပြီးချင်းမှာ​ဒေါသ​တွေနဲ့အတူမျက်​ရည်​​တွေပါစီးကျလာခဲ့သည်​ သူအသုံးမကျခဲ့ဘူး ​မောင်​တစ်​​ယောက်​ဖြစ်​​နေပြီး ကိုယ့်​အစ်​မတစ်​​ယောက်​လုံးအ​စော်​ကားခံ​နေရတာကို​တောင်​ မရိပ်​မိခဲ့ဘူး မမကိုသူကာကွယ်​မ​ပေးနိုင်​ခဲ့ဘူး သူကအသုံးမကျတဲ့​မောင်​တစ်​​ယောက်​ပဲ

Maung(Completed)Where stories live. Discover now