9

31.6K 2.8K 68
                                    

"ဒါ​လည်းထည့်​သွားရမယ်​"

မနက်​ဖြန်​ ဟိုလူနဲ့သွား​တွေ့ဖို့ပစ္စည်း​တွေကိုအဆင်​သင့်​ပြင်​ရင်း မြတ်​သုတ တစ်​​ယောက်​အလုပ်​များ​နေသည်​ ငရုတ်​​ကောင်းစပ​ရေးကလည်းမပါမဖြစ်​ထည့်​ရ​သေးသည်

"11နာရီ​တောင်​ထိုးသွားပြီပဲ.."

ပြင်​ဆင်​ရင်းနာရီကိုလှမ်းကြည့်​​တော့ နာရီလက်​တံ​တွေကည11:00ကိုညွှန်​ပြ​နေသည်​..လက်​ထဲမှာကိုင်​ထားတဲ့ပစ္စည်း​တွေကိုလွယ်အိတ်​​လေးထဲအမြန်​ထည့်​ပြီး ဖုန်းကို​ပြေးယူကာလို်​င်းဖွင့်​ကြည့်​လိုက်​သည်

မင်းသခင်​ရဲ့accမှာလင်း​နေတဲ့အစိမ်း​ရောင်​​လေး​ကြောင့်​ ပါးစပ်​မစိနိုင်​​အောင်​ပင်​​ပျော်​သွားရသည်​ သူမင်းသခင်​အ​ပေါ်ခံစားချက်​ရှိ​နေမိပြီထင်​ပါရဲ့...မင်းသခင်​နဲ့စကား​ပြောရင်​ကိုယ့်​ကိုကိုယ်​​တောင်​မသိလိုက်​မိပဲ ပြုံး​နေတာ​တွေ....ဒီလိုခံစားချက်​ကဘာကိုများ​ပြောချင်​​နေတာလဲ...ဒီအတိုင်းသူငယ်​ချင်းတစ်​​ယောက်​အ​ပေါ်ထားမိတဲ့ရိုးရိုးသားသားခံစားချက်​တခုပဲလား

"Hiမင်းသခင်​"

"Hi"

"ညစာစားပြီးပြီလား"

"အင်း..စားပြီးပြီ..မနက်​ဖြန်​ ​တွေ့လို့ရမလားမြတ်​သုတ"

"မရဘူး.."

မင်းသခင်​နဲ့သွား​တွေ့ချင်​​ပေမယ့်​ ဟိုတစ်​​ယောက်​နဲ့ချိန်းထားသည်​​လေ...အဲ့ကိစ္စကလည်းစဉ်းစားမိတိုင်းစိတ်​ညစ်​ဖို့​ကောင်းသည်​ မင်းသခင်​ကိုvideoကိစ္စနဲ့ပတ်​သက်​ပြီးအကူညီ​တောင်းလို့ ကိုယ်​ရဲ့တခြားကိစ္စကိုပါမင်းသခင်​သိသွားရင်​ဘယ်​လိုလုပ်​မလဲ...အစ်​ကို့ကိုအဲ့ကိစ္စနဲ့ပတ်​သက်​ပြီးအကူညီ​တောင်းပြန်​​တော့လည်း videoကိစ္စသိသွားရင်​ ခက်​ပြန်​​ရော..ဆုပ်​လည်းစူးစားလည်းရှူးဆိုတာ ဒါမျိုးကို​ပြောတာဖြစ်​မယ်

"​အော်​..မရရင်​လည်းထားပါ..."

"ဖိန်းနွဲ့ခါ​တော့ရတယ်​"

(A.N-ဖိန်းနွဲ့ခါဆိုတာ ဘဘက်​ခါရဲ့​နောက်​တရက်​ကို​ပြောတာပါ မသိတဲ့ဒါဒါ​လေး​တွေရှိမှာဆိုးလို့)

Maung(Completed)Where stories live. Discover now