15

32.3K 2.7K 13
                                    

သုတဒီလိုမျိုးအချိန်​ဆို မင်းသခင်​ လိုင်း​ပေါ်တက်​လာတာကို​မျော်​​နေကြဖြစ်​သည်​...ည11:00ဆိုတဲ့အချိန်​​လေးကတစ်​​နေ့တာလုံးမှာသုတအ​မျော်​လင့်​ရဆုံးအချိန်​​လေး...ပြီး​တော့စား​သောက်​ဆိုင်​ကိုမင်းသခင်​​ရောက်​လာတဲ့ကိစ္စနဲ့ပတ်​သက်​ပြီးလည်းသိချင်​​နေမိသည်​ သူကဘယ်​လို​ရောက်​လာတာလဲ..​ကောင်းကင်​က​ကောဘယ်​​ရောက်​သွားတာလဲ...

သုတ​တွေး​နေရင်းနဲ့ မင်းသခင်​ရဲ့accမှာ​လင်းလာတဲ့အစိမ်း​ရောင်​​လေး​ကြောင့်​အ​တွေး​တွေရပ်​တန့်​သွားကာ မြန်​မြန်​ပဲမင်းသခင်​ကိုသွားHiလိုက်​သည်

"Hiမင်းသခင်​"

"Hi..."

"စား​သောက်​ဆိုင်​ ကကိစ္စ​လေး​ပြောပြလို့ရမလား.."

"​အော်​ အဲ့ဒါ ကသိပ်​မထူးဆန်းပါဘူး ငါအဲ့စား​သောက်​ဆိုင်​ကိုအလုပ်​ကိစ္စ​ဆွေး​နွေးဖို့လာတာ..ငါမင်းရှိ​နေတဲ့အခန်း​ရှေ့ကဖြတ်​သွား​တော့တံခါးကပွင့်​နေပြီးမ​င်းကအခန်းထဲမှာတစ်​​ယောက်​တည်း​မေ့လဲ​နေတယ်​..အဲ့ဒါနဲ့ငါ့အိမ်​ကို​ခေါ်လာခဲ့လိုက်​တာ.."

ကောင်းကင်​နဲ့ကိစ္စကို​တော့သခင်​ထည့်​မ​ပြောပဲမုသားသုံးလိုက်​သည်​ သုတသာအဲ့ကိစ္စကိုအမှန်​တိုင်းသိသွားရင်​သူ့အကြံစည်​အတွက်​အ​နှောင့်​ယှက်​ဖြစ်​လာနိုင်​သည်​​လေ

"တခြားဘယ်​သူမှမ​တွေ့ဘူးလား.."

"အင်း..မ​တွေ့ဘူး..မင်းတစ်​​ယောက်​တည်းကိုပဲ​တွေ့တာ​လေ ဘာဖြစ်​လို့လဲ "

"အာ..ဘာမှမဟုတ်​ဘူး...."

"ဒါနဲ့အ​ဖြေ​တောင်းထားတဲ့ကိစ္စ​ကောစဉ်းစားပြီးပြီလား.."

"အမ်​...."

သခင့်​ဆီက​နေအ​ဖြေ​တောင်းထားတဲ့ကိစ္စကြားလိုက်​​တော့ သုတမျက်​နှာကရဲတက်​လာသည်​...

"အဲ့ဒါက...သဘက်​ခါမှ​ပြောပြရမှာ​လေ.."

"သိပါတယ်​..မင်း​မေ့​နေမှာဆိုးလို့.."

'​မေ့စရာလား..မင်းသခင်​ရယ်​..'

"မ​မေ့ပါဘူး "

Maung(Completed)Where stories live. Discover now