69

26.3K 1.9K 30
                                    

သခင်အခန်းထဲရောက်တော့ တစ်ခန်းလုံးမှောင်မဲနေတာကိုတွေ့လိုက်ရသည်

"သုတ..."

ကုတင်ထောင့်နားလေးမှာကုပ်ကုပ်လေးထိုင်နေတဲ့သုတကိုတွေ့လိုက်တာမို့ သခင်မီးဖွင့်ကာသုတဆီလျောက်သွားလိုက်သည်

"...သုတဘာဖြစ်တာလဲ..နေမကောင်းဘူးလား..ဗိုက်နာနေလို့လား.."

သခင် သုတကိုစိုးရိမ်တကြီးမေးလိုက်တော့ သုတက သခင့်ကိုလှည့်ကြည့်လာသည် မျက်နှာမှာလည်းစိုးရိမ်မှူတွေနဲ့

"...သုတ...."

".....မောင်....တကယ်လို့လေ.. သားကသုတကို..မုန်းရင်ဘယ်လိုလုပ်မလဲဟင်.."

"....ဟင်.."

ရုတ်တရက်ကြီးထူးထူးဆန်းဆန်းမေးလာတဲ့မေးခွန်းကြောင့် သခင်ဘာပြန်ဖြေရမယ်မှန်းမသိဖြစ်နေသည်

".....ဟင်း....သုတသိပါတယ်..သုတကယောကျာၤးလေးတစ်ယောက်လေ...တကယ်လို့များ..သားကသူ့ကိုမွေးတဲ့လူကယောကျာၤးလေးဆိုတာများသိရင်..သုတကိုမုန်းသွားမယ်ထင်တယ်.."

ကိုယ်ဝန်ဆောင်တွေအကြောင်းစာအုပ်ဖတ်ထားသောကြောင့်သုတခံစားနေရတာတွေကိုသခင်နားလည်သည် ဒီလိုအချိန်တွေမှာကိုယ်ဝန်ဆောင်တွေကသွေးသားအပြောင်းအလဲကြောင့်စိတ်ခံစားမှူလွယ်သည် အထူးသဖြင့်ဝမ်းနည်းလွယ်သည် မဖြစ်နိုင်တာတွေရောဖြစ်နိုင်တာတွေပါတွေးပြီးဝမ်းနည်းတတ်သည်

"...သားက မောင်တို့သားပဲလေ..သုတကိုမမုန်းပါဘူး..."

"....ဒါပေမယ့် ကျောင်းတက်တဲ့အရွယ်ရောက်လို့ တခြားကလေးတွေကသူတို့အမေတွေကိုမေမေလို့ခေါ်တဲ့အခါကျရင် သားအားငယ်နေရင်ဘယ်လိုလုပ်မလဲဟင်..."

"...သုတကသားရဲ့အမေပဲလေ..ယောကျာၤးလေးဖြစ်တာနဲ့သားကိုမွေးတဲ့သူကပြောင်းလဲသွားတာမဟုတ်ပါဘူး...သားကလည်းဒါကိုနားလည်မှာပါ..ပြီးတော့သားကသုတရဲ့သားလေ သုတလိုပဲလိမ္မာမှာ.."

"........တကယ်လား..."

"တကယ်ပေါ့..မောင်လုံးဝကိုအာမခံရဲတယ်..သားကသုတကိုမမုန်းဘူး.."

"....တော်သေးတာပေါ့....မောင့်ကိုရင်ဖွင့်လိုက်တော့ နေလို့အရမ်းကောင်းသွားပြီ..အဲ့အကြောင်းကိုစဉ်းစားမိပြီးစိတ်ပူနေရတာ.."

​Maung(Completed)Opowieści tętniące życiem. Odkryj je teraz