74

31.2K 2K 68
                                    

"...သူဌေး...မင်းသခင် ကိုဒီကိုလာခိုင်းလိုက်တာကောင်းပါ့မလား..."

"ဟုတ်တယ်..သူဌေး...သူတို့ကိုဒီအတိုင်းထားပြီးကျွန်တော်တို့ထွက်ပြေးကြမယ်လေ.."

"တော်စမ်း...ငါ့အဘိဓာန်မှာအရှူံးပေးပြီးထွက်ပြေးတယ်ဆိုတာမရှိဘူး...အခုလိုအခြေနေမျိူးရောက်အောင်လုပ်တာမင်းသခင်ဆိုတဲ့အကောင်ပဲ..သူ့ကိုငါလက်စားချေပြီးမှဒီကသွားမယ်.."

".....ဦးလေး..ဘာလို့အမှားတွေပဲထပ်ခါထပ်ခါကျူးလွန်နေရတာလဲ...တော်ပါတော့.."

".....အမှား...ဘယ်အမှားကိုပြောတာလဲ..ကိုယ့်အတွက်ကိုယ်ကြည့်ပြီးကြိုးစားတာကအမှားလို့သတ်မှတ်တာလား..ဟမ်.."

"....ဒါပေမယ့်ဦးလေးလုပ်တာတွေကတခြားသူတွေကိုပါထိခိုက်စေတယ်လေ..."

"ဟက်...တခြားသူတွေကငါမှမဟုတ်တာ..."

"....တော်စမ်းမြတ်သုတ မလိုအပ်ပဲစကားတွေမပြောနဲ့...ဟိုကောင်တွေ အရှေ့မှာသွားစောင့်နေကြ မင်းသခင်ရောက်လာရင်ဒီကိုခေါ်လာခဲ့..."

........................

ဦးသန်းထိုက် ချိန်းတဲ့နေရာကိုသခင်နဲ့လေပြေရောက်တော့ စီစဉ်ထားတဲ့အတိုင်း လေပြေကတခြားတံခါးကနေဝင်ပြီး သခင်ကအရှေ့တံခါးကနေပဲဝင်သွားလေသည်

".....မင်းတို့သူဌေးဘယ်မှာလဲ..."

".....တျောင်တွေ သူ့နောက်မှာဘယ်သူတွေပါလာသေးလဲသွားကြည့်စမ်း..ငါတိုု့ကသူ့ကိုသူဌေးဆီခေါ်သွားမယ်..."

သခင် အထဲကိုရောက်သွားတော့ သူ့ကိုကျောပေးပြီးရပ်နေတဲ့ဦးသန်းထိုက်ကိုတွေ့လိုက်ရလေသည်

"...သူဌေး...မင်းသခင်ရောက်လာပါပြီ..."

"....ဟက်...မင်းသခင်...မဆိုးပါဘူး...ရောက်တော့ရောက်လာသားပဲ.."

"သုတ ဘယ်မှာလဲ..."

ဦးသန်းထိုက်က သူ့တပည့်တစ်ယောက်ကိုကြည့်လိုက်တော့ အနောက်ကနေလူ 2ယောက်ကသုတကိုတဖက်တချက်ချူပ်ထားပြီးထွက်လာလေသည်

"..သုတ.."

သခင်ကသုတဆီသွားဖို့လုပ်တော့ ဦးသန်းထိုက်ရဲ့တပည့်အချိူ့ကအရှေ့မှာပိတ်ရပ်ထားလေသည်

​Maung(Completed)Kde žijí příběhy. Začni objevovat