31

27.4K 2.3K 65
                                    

⛅⛅⛅
ဒေါက်​​ဒေါက်​💢💢

"ဘယ်​သူလဲ.."

"အန်​တီပါသုတ.."

"​အော်​ ဟုတ်​ ဝင်​လာခဲ့​လေ အန်​တီ.."

သုတအပြင်​သွားဖို့ပြင်​ဆင်​​နေတဲ့အချိန်​မှာအန်​တီကအခန်းထဲဝင်​လာ​လေသည်​ အန်​တီပုံကြည့်​ရတာတခုခုကိုစိတ်​မချဖြစ်​​နေသလိုပဲ

"အန်​တီ ဘာဖြစ်​လို့လဲ ​နေမ​ကောင်းဘူးလား.."

"မဟုတ်​ပါဘူးကွယ်​ ​ကောင်းပါတယ်​..အန်​တီ3လ​လောက်​ခွင့်​ယူချင်​လို့.."

"ဟင်​...ဘာဖြစ်​လို့လဲ အန်​တီ.."

အန်​တီကသုတငယ်​ငယ်​ကတည်းကအိမ်​မှာလာ​ပြီးအလုပ်​လုပ်​​နေခဲ့တာဖြစ်​ပြီး ခွင့်​ယူတာရှားသည်​ ယူလည်းတစ်​ရက်​နှစ်​ရက်​လောက်​ပဲ..ဒီ​လောက်​အကြာကြီးမယူဖူး​ပေ

"အန်​တီ တူမ​လေးမီးဖွားခါနီးလို့...သူ့​ယောကျာင်္းကလည်း တူမ​လေးကိုယ်​ဝန်​လရင့်​မှ အ​ရေးကြီးအလုပ်​ကိစ္စနဲ့ခရီးထွက်​သွားရတယ်​​လေ ခရီးကလည်းမသွားမဖြစ်​ဆို​တော့ မသွားလို့ကလည်းမရဘူး အဲ့ဒါ အန်​တီတူမ​လေးတစ်​​ယောက်​တည်းဖြစ်​​နေလို့ အန်​တီသွားပြီးကူညီ​ပေး​မို့ကွယ်​..သူ့မှာကလည်း​ဆွေမျိုးရင်းချာဆိုလို့ အန်​တီပဲရှိတာ​လေ.."

"...အန်​တီ...အန်​တီ့တူမနဲ့အတူသုတတို့အိမှ်ာလာ​နေလို့မရဘူးလား...အစ်​ကိုလည်းခွင့်​ပြုမှာပါ..."

ငယ်​ငယ်​​လေးကတည်းကသုတနားမှာပဲအ​နေများခဲ့၍အန်​တီကသုတအတွက်​​တော့မိသားစုဝင်​လိုပဲခင်​တွယ်​​နေရ​ပြီဖြစ်​​သော​ကြောင့်​အကြာကြီးခွဲမ​နေချင်​​ပေ

"မရဘူးကွယ်​ သူကလည်းမီးဖွားခါနီးဆို​တော့ကိုယ့်​အိမ်​မှာပဲ​နေချင်​မှာ​ပေါ့..​နေရာသစ်​ကြီးကျ​တော့ သူ့အတွက်​အဆင်​မ​ပြေဘူး​လေ.."

"အွန်း...အာ့ဆိုလည်း..သုတမတား​တော့ဘူး​နော်​...အန်​တီ တူမကို​သေချာဂရုစိုက်​​ပေးလိုက်​ပါ..သုတဆီကိုဖုန်းလည်းမှန်​မှန်​ဆက်​​နော်​.."

"ဟုတ်​ပါပြီကွယ်​...အန်​တီမရှိဘူးဆို​တော့ သားကိုအပြင်​လွတ်​ရမှာလည်းစိတ်​မချဘူးဖြစ်​​နေတယ်​.."

Maung(Completed)Where stories live. Discover now