".......wait..wait...မင်းမြတ်သီဟ ခင်ဗျားစိတ်ကို ခဏလောက်လျော့ထားလိုက် အသက်လည်းကြီးနေပြီ...တော်ကြာစိတ်တိုလွန်ပြီးအသက်လည်းဂိခနဲထွက်သွားဦးမယ်..."
"ကောင်းကင်ရိပ်...မင်းဘာလ်ု့ိငါ့အသက်ကိုပဲရန်ရှာနေတာလဲ..ငါအကောင်းမေးနေတာ..အဲ့ကောင်ကိုဘာလို့ဒီကိုခေါ်လာတာလဲ.."
သခင်ကတော့ မင်းမြတ်နဲ့ကောင်းကင် စကားများနေတာကိုကြည့်ပြီးထူးဆန်းနေမိသည် သူတို့2ယောက်ကစကားများနေတာ ကျီစယ်နေကြတာလား..
"....ခင်ဗျား ကျွန်တော့်ကိုစုံစမ်းခိုင်းတဲ့ကိစ္စ စုံစမ်းပြီးပြီ...ကျွန်တော်တို့သံသယမှန်တယ် မင်းသခင်ကလူပျိူ....မိန်းမမရှိဘူး.."
"တကယ်လား..."
သခင့်မှာ မိန်းမ မရှိဘူးဆိုတဲ့စကားကိုကြားတော့ မင်းမြတ်မျက်နှာက ပြုံးရိပ်သန်းသွားသည် သုတ အတွက်ကောင်းတာပဲလေ...သူသိတာပေါ့ သုတက မင်းသခင်အပေါ်ခံစားချက်ရှိနေသေးပေမယ့် မင်းသခင် မှာပိုင်ရှင်ရှိတယ်ဆိုတဲ့အသိကြောင့် သူ့ခံစားချက်တွေကိုချူပ်ထိန်းနေတာ
"...မင်းမြတ်သီဟ....ကျွန်တော်တောင်းပန်ပါတယ်...မမကိစ္စကခင်ဗျားနဲ့မပတ်သက်ဘူးဆိုတာလည်းသိသွားပါပြီ....တကယ့်တရားခံက ဦးသန်းထိုက်ပါ..."
"ဦးလေး...!...ဦးလေးပဲလား.."
"ဟုတ်တယ်...ခင်ဗျားလည်းသိသင့်တဲ့အကြောင်းရာရှိတယ်...ကျွန်တော်ပြောပြပါ့မယ်..ဒါပေမယ့်အရင်ဆုံးသုတကိုတောင်းပန်ပါရစေ.."
"....ကိုသုတ ကအန်တီနဲ့ဈေးလိုက်သွားတယ်..သွားတာနည်းနည်းကြာပြီဆိုတော့ ခဏနေပြန်ရောက်လာလိမ့်မယ်..ကိုသုတနေတဲ့အခန်းကအပေါ်ဖက် ညာဘက်ကပါ..အဲ့အခန်းမှာသွားစောင့်နေလို့ရတယ်နော် 2ယောက်သားညှိယူကြပေါ့.."
"..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..မ....?.."
"ကျွန်မနာမည်က ပန်းပွင့်ဖြူပါ..အန်တီရဲ့တူမပေါ့..မဖြူလို့ခေါ်လ့ိုရပါတယ်.."
"...ဟုတ်ကဲ့..မဖြူ.."
သခင် က မဖြူကိုနှူတ်ဆက်ပြီးအပေါ်ထပ်ကိုတက်သွားသည်
"...သုတကိုယ်ဝန်ကိစ္စ မင်းသခင်ကိုပြောပြီးပြီလား.."
"မပြောရသေးဘူး သုတကိုယ်တိုင်ပြောတာပိုကောင်းမယ်ထင်လို့..."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်