51

33.7K 2.4K 38
                                    

ကောင်းကင် ဆိုင်ထဲဝင်ဝင်ချင်း သခင့်ကိုရှာကြည့်လိုက်မိသည် ထောင့်နားကစားပွဲမှာထိုင်ကာ တခုခုကိုစဉ်းစားနေပုံရတဲ့ သခင့်ကိုတွေ့တာနဲ့ လက်ထဲကဖိုင်တွဲကိုတင်းကျပ်စွာကိုင်ကာ သခင့်ဆီလျောက်သွားလိုက်သည်

ဘုန်း💢💢

ဖိုင်တွဲကို သခင့်ရှေ့ကစားပွဲပေါ်ပစ်တင်ပေးလိုက်တော့ သခင်က ကောင်းကင်ကိုမော့ကြည့်လာသည်

"....သုတဘယ်မှာလဲ..."

"ဘာ...!မင်းသခင်..မင်းဒီလောက်ထိလုပ်ထားတာတောင် မင်းပါးစပ်ကနေသုတနာမည်ကိုခေါ်ရဲသေးတယ်..."

".....ငါအကုန်သိပြီးသွားပြီ...မမသေတဲ့ကိစ္စကမင်းမြတ်သီဟနဲ့ဘာမှမဆိုင်ဘူးဆိုတာ...တကယ့်တရားခံက ဦးသန်းထိုက်ပဲ...အဲ့ဒါကြောင့် ငါလုပ်ခဲ့မိတဲ့အပြစ်တွေအတွက် မင်းမြတ်သီဟ နဲ့သုတကိုတောင်းပန်ချင်လို့.."

"...ဘာ!ဦးသန်းထိုက်...တရားခံကဦးသန်းထိုက်လား..........."

သခင့်ရဲ့စကားကြောင့် ကောင်းကင်ခဏတိတ်ဆိတ်သွားမိပြီးမှ မဲ့ပြုံးပြုံးလိုက်ကာ..

"......မင်းလုပ်ခဲ့တာတွေကတောင်းပန်ရုံနဲ့ပြီးသွားမယ်ထင်နေလား..မင်းသခင်...အဲ့လောက်ထိလွယ်ကူမနေဘူး...သုတကမင်းကိုချစ်ခဲ့တယ် တကယ်ချစ်ခဲ့တာ...."

".....ငါသိပါတယ်..သူငါ့ကိုတကယ်ချစ်ခဲ့တယ်ဆိုတာ..."

".....ဒါပေမယ့်မင်းဖက်ကဘယ်လိုတုံ့ပြန်ခဲ့လဲ မင်းသခင်...ငါဒီကိစ္စကိုမင်းကိုမပြောဘူးလို့ သုတကိုပြောခဲ့ပေမယ့်...အခုတော့မင်းကိုပြောရလိမ့်မယ် မင်းလုပ်တာတွေကတော်တော်တရားလွန်နေပြီ..."

" ........."

"သုတသိခဲ့တယ်...မင်းကသူ့ကိုတကယ်မချစ်ပဲ သူ့အစ်ကိုကို လက်စားချေချင်လို့ သူ့ဆီချဉ်းကပ်လာတယ်ဆိုတာ မင်းမပြောခင်ကတည်းကသူသိခဲ့တာ..သူသိပေမယ့်မင်းအနားမှာပဲကပ်တွယ်နေတာ..ဘာလို့လဲသိလား..မင်းဆီကချစ်တယ်ဆိုတဲ့စကားက လိမ်ပြောနေမှန်းသိတာတောင် သူပျော်နေမိလို့တဲ့...သူဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာ မင်းသိရဲ့လား..ကိုယ့်ကိုတကယ်မချစ်မှန်းသိနေရက်နဲ့ မသိချင်ယောင်ဆောင်ပြီး အဲ့လူနားမှာပဲ ကပ်တွယ်နေရတဲ့ခံစားချက်က အရမ်းနာကျင်ရတယ်ဆိုတာ မင်းသိလား...ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ...မင်း သုတအချစ်ကိုစော်ကားရုံတင်မကဘူး သူ့ကိုပါဖျက်ဆီးခဲ့တယ်..အဲ့ဒါလည်းအိမ်ထောင်ရှိယောကျာၤးတစ်ယောက်ဖြစ်ပြီးတော့.."

​Maung(Completed)Where stories live. Discover now