18

29K 2.8K 40
                                    

"မင်းသခင်​..မင်းမှာမင်းမြတ်​သီဟနဲ့ရန်​ငြိုးရှိတယ်​ဆိုတာငါသိတယ်​..ဒါ​ပေမယ့်​သုတကိုဘာ​ကြောင့်​မင်းတို့ရန်​ပွဲထဲကိုဆွဲထည့်​​နေရတာလဲ.."

"အဲ့ဒါ မင်းနဲ့ဆိုင်​လား.."

"မင်းသခင်​.."

"မဆိုင်​ရင်​ဝင်​မပါနဲ့...ငါ့ကိစ္စမှာလာရှူပ်​​နေတဲ့သူ​တွေကိုဒီအတိုင်းကြည့်​​နေမှာမဟုတ်​ဘူး.."

"မင်း..ကွာ..သုတကို​တော့လွတ်​​ပေးလိုက်​ပါ..သူ့မှာဘာအပြစ်​ရှိလို့လဲ.."

"သူ့မှာဘာအပြစ်​မှာမရှိပါဘူး..ဒါ​ပေမယ့်​မင်းမြတ်​သီဟရဲ့အချစ်​ဆုံးညီ​ဖြစ်​​နေတာကိုကသူကံဆိုးသွားတာ​လေ.."

"မင်းအမနဲ့ပတ်​သက်​ပြီးမင်းမြတ်​သီဟအ​ပေါ်မ​ကျေနပ်​တာငါသိတယ်​...မင်းမြတ်​သီဟ နဲ့မင်းအမကြားမှာဘာကိစ္စ​တွေဖြစ်​ခဲ့လဲဆိုတာ​တော့ငါမသိဘူး...ဒါ​ပေမယ့်​မင်းမုန်းတာကမင်းမြတ်​သီဟကို​လေ သုတကိုမှမဟုတ်​တာ.."

"မင်းမသိပါဘူး ​ကောင်းကင်​ရိပ်​..အဲ့မင်းမြတ်​သီဟဆိုတဲ့​ကောင်​က ငါ့အမအ​ပေါ်ဘယ်​လိုလူမဆန်​တဲ့လုပ်​ရက်​​တွေလုပ်​ခဲ့လဲဆိုတာ.."

"ငါတို့2​ယောက်​လုံးရဲ့ရန်​သူကတစ်​​ယောက်​တည်းပဲ​လေ..မင်း မင်းမြတ်​သီဟ ကိုမုန်း​နေသလိုငါလည်းမင်းမြတ်​သီဟကိုမုန်း​နေတာပဲ..သုတကို​တော့လွတ်​​ပေးလိုက်​ပါကွာ.."

"ဟက်​...လွတ်​​ပေးရမယ်​..မင်းမဖြစ်​နိုင်​တဲ့ကိစ္စကိုထပ်​မ​ပြောနဲ့​တော့..ငါ့အမခံစားခဲ့ရတုန်းကငါလည်း​သေမတတ်​ခံစားခဲ့ရတယ်​ ကိုယ်​ချစ်​ရတဲ့သူခံစား​နေရတာကိုဘာမှမလုပ်​နိုင်​ပဲ ဒီအတိုင်းကြည့်​​နေရတာက ဘယ်​​လောက်​ဆိုးရွားလဲဆိုတာ မငိးမြတ်​သီဟခံစား​စေရမယ်​.."

"​အေး..တားမရမှ​တော့မင်း​ရှေ့ဆက်​တိုးကြည့်​​ပေါ့ ငါ့ဖက်​ကလည်းသုတမထိခိုက်​​အောင်​ကာကွယ်​​ပေးရမှာပဲ.."

"မင်းကသူ့ရဲ့ဘာမို့လို့လဲ ​ကောင်းကင်​ရိပ်​.."

"​အေး..ငါကသူ့ရဲ့သူငယ်​ချင်း​ဟောင်းတစ်​​ယောက်​..သူ့ဖက်​က​နေ​တော့ငါ့ကိုလက်​မခံ​ပေမယ့်​ ငါ့က​တော့သူ့ကိုဆက်​ချစ်​​နေမှာပဲ..အရင်​တုန်းကလည်းချစ်​တယ်​ အခုလည်းချစ်​တယ်​ ​နောက်​လည်းဆက်​ချစ်​သွားမှာပဲ.."

Maung(Completed)Where stories live. Discover now