29

28.1K 2.4K 49
                                    

တကယ်​ပါ ​မောင့်​ရဲ့ သုတကိုမချစ်​ဘူးဆိုတဲ့အ​ဖြေကိုကြားလိုက်​ရတဲ့အချိန်​မှာ ကမ္ဘာပျက်​သွားသလိုပဲ ရင်​ထဲကအရမ်းနာကျင်​ရတယ်​ ​သေမတတ်​ပဲ ​မောင်​ဆက်​​ပြောမယ့်​စကား​တွေကိုနား​ထောင်​နိုင်​စွမ်းမရှိ​တော့တာမို့ မနည်းအားတင်းပြီး အဲ့​နေရာက​နေထွက်​လာဖို့ကြိုးစားခဲ့တယ်​ ဖြစ်​နိုင်​ရင်​အဲ့​နေရာမှာပဲထိုင်​ပြီးငို​ကြွေးပစ်​လိုက်​ချင်​တယ်​ တစ်​ကိုယ်​လုံးလည်းအားမရှိ​တော့ပဲ​လေထဲမှာ​ရောက်​​နေသလိုပဲ  မျက်​လုံး​တွေကဖွင့်​ထား​ပေမယ့်​လည်းဘာကိုမှမမြင်​နိုင်​​တော့သလိုဖြစ်​​နေခဲ့တယ်​ စိတ်​နဲ့လူမကပ်​ပဲ​လမ်း​လျောက်​​နေတဲ့အချိန်​မှာ သန့်​ရှင်း​ရေးဦး​လေးကြီးနဲ့တိုက်​မိပြီး အဲ့ဦး​လေးကြီးရဲ့လက်​မှာကိုင်​ထားတဲ့ပစ္စည်း​တွေပြုတ်​ကျကုန်​သည် ပြန်​​ကောက်​​ပေးမလို့ပြင်​လိုက်​​ပေမယ့်

"ရတယ်​..သား..ဦး​လေးပဲ​ကောက်​လိုက်​မယ်​ သားအဆင်​မ​ပြေဘူးမလား. "

အဲ့​နေရာမှာသန့်​ရှင်း​ရေးလုပ်​​နေတဲ့ဦး​လေးကြီးကလည်း သခင်​နဲ့​ကောင်းကင်​​ပြောတာကိုကြားပြီးသုတရဲ့အဖြစ်​ကိုရိပ်​မိ​နေသလိုပင်

သုတဘာမှဆက်​မ​ပြောနိုင်​​တော့ပဲအဲ့​နေရာက​နေ​ပြေးထွက်​လာခဲ့လိုက်​​တော့သည်​ အဆင်​မ​ပြေဘူး ရင်​ထဲက​နေတဆစ်​ဆစ်​နာကျင်​​နေတယ်​ အရမ်းငိုချင်​​နေ​ပေမယ့်​ဘာမှမဖြစ်​သလိုပဲ​နေခဲ့တယ်​ အစ်​ကိုက​နေမ​ကောင်းဘူးလားတဲ့​မေးတယ်​ ဘယ်​လို​ဖြေရမလဲအစ်​ကိုရယ်​ အစ်​ကိုသိပ်​ချစ်​ရတဲ့ညီက အစ်​ကို့ရန်​သူ​ကြောင့်​နာကျင်​​နေရပါတယ်​လို့

အိမ်​ကိုပြန်​လာ​တော့လည်းအခန်းတံခါးပိတ်​ပြီးတစ်​​ယောက်တည်းငို​နေခဲ့တာဘယ်​သူသိနိုင်​မလဲ အခုဘယ်​လိုလုပ်​ရမှာလဲ..အဲ့တုန်းကသူများ​တွေလုပ်​သလိုမျိုး ​မောင့်​​ရှေ့ကိုသွားပြီး ဘာလို့ဒီလိုလုပ်​ရက်​ရတာလဲ အရမ်းမုန်းတယ်​ဆိုပြီး ​မောင့်​ကိုအပြစ်​သွားတင်​ရမှာလား ဟင့်​အင်း အဲ့လိုလည်းသူမလုပ်​ရက်​ဘူး ကိုယ့်​ကိုနာကျင်​​စေတဲ့သူကိုဆွဲမထားသင့်​ဘူးလွတ်​​ပေးလိုက်​သင့်​တယ်တဲ့ ဒါ​ပေမယ့်အဲ့လိုလွတ်ေ​​​ပးလိုက်ဖို့မ​ပြောနဲ့ ​မောင်​နဲ့​ဝေးသွားရင်​ဆိုတဲ့အ​တွေးက​တောင်​ နှလုံးသားကိုဖြည်းဖြည်းချင်းဓားနဲ့ထိုးသွင်း​နေသလိုပဲ နာကျင်​​နေရတာ ဘယ်​လိုလွတ်​​ပေးရက်​မှာလဲ ​မောင်​ရယ်

Maung(Completed)Where stories live. Discover now