"......သားလေး..သုတအစောကြီးနိုးနေပါလားကွယ်..."
အန်တီအခန်းထဲကထွက်လာတော့ အိမ်ရှေ့တံခါးနားမှာရပ်နေကာအပြင်ကိုကြည့်နေတဲ့သုတကိုမြင်လိုက်ရသည်
"...အိပ်မပျော်လို့ပါ...အန်တီရယ်.."
"မင်းသခင်တို့ပြန်မလာကြသေးလို့လား.."
"...ဟုတ်..."
".....ပြန်လာမှာပေါ့ကွယ်..သူတို့လုပ်နေတဲ့ကိစ္စမပြီးသေးလို့နေမယ်.."
"....အဲ့လိုဆိုရင်တော့ကောင်းတာပေါ့...အန်တီရယ်...သူတို့တခုခုဖြစ်မှာစိတ်ပူမိလို့..ဦးလေးကလွယ်တာမဟုတ်ဘူး..သူသာတကယ်လို့မောင်တို့အကြံကိုသိသွားရင် အတင်းကြားဝင်နှောင့်ယှက်မှာပဲ.."
".....ဟင်း...သုတရဲ့စိတ်ပူနေတာကိုအန်တီနားလည်ပါတယ်ကွယ်..စိတ်လည်းအရမ်းပူမနေပါနဲ့ ဗိုက်ထဲကကလေးအတွက်မကောင်းဘူးလေ..အခုမတ်တပ်ရပ်နေတာကြာပြီမလား..သွားထိုင်လိုက်ဦး.."
"ဟုတ်.."
သုတကလေးကြောင့်သာအိမ်မှာပဲစောင့်နေရတာ စိတ်ထဲရှိတဲ့အတိုင်းသာဆိုအခုချက်ချင်းမောင့်ဆီကိုပြေးပြီးလိုက်သွားချင်တယ်
.......................
အာကာမနက်နိုးလာတော့ ခေါင်းထဲကကိုက်ခဲနာကျင်မှူကိုခံစားရပြီး မျက်နှာပေါ်ကနာကျင်မှူတွေကိုလည်းခံစားနေရသည်
"...အာ့..နာလိုက်တာ...ငါညကဘာဖြစ်သွားတာလဲ.."
"နိုးလာပြီလား...အာကာ.."
"မင်း..မင်းတို့ငါအခန်းထဲဘယ်လိုရောက်နေတာလဲ.."
"...ဟက်..ဟားဟားဟားဟား..မင်းအခန်း...သေချာကြည့်လိုက်ပါဦး ဒါကမင်းအခန်းဟုတ်ရဲ့လား..."
သခင်နဲ့ကောင်းကင်ကဟားတိုက်ရယ်ပြီးပြောတော့မှ အာကာဟိုဘက်ဒီဘက်ခေါင်းလှည့်ကာကြည့်မိသည်
'..ဒါကငါ့အခန်းမဟုတ်ဘူး..ဘာတွေလဲ..မနေ့ညကငါဘာတွေဖြစ်ခဲ့တာလဲ..."
"ဘာမှမပြောနိုင်တော့ဘူးပေါ့..ဟက်.."
"ကောင်မလေး2ယောက်ဘယ်မှာ...ဟင်..မင်း..မင်းတို့..အဲ့ကောင်မလေး2ယောက်ကမင်းတို့လား.."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်