21

30K 2.5K 39
                                    

(A.N-ဒီ​နေ့ 2ပိုင်uးpတာ​နော်​ အ​ပေါ်မှာတစ်​ပိုင်းရှိ​သေးတယ်​ ​ကျော်​သွားမှာဆိုးလို့😁😊)
"သုတ ဘယ်​သွားချင်​​သေးလဲ.."

"အွန်း...အရုပ်​ဆိုင်​သွားကြည့်​ချင်​​သေးတယ်​. "

"အင်းသွားမယ်​​နော်​.."

အခုတ​လော မင်းမြတ်​သီဟ အလုပ်​​တွေထဲပဲစိတ်​​ရောက်​​နေပြီး တစ်​ဦးတည်း​သောချစ်​ရတဲ့ညီ​လေးကိုပစ်​ထားသလိုဖြစ်​​နေ​သော​ကြောင့်​ တစ်​​နေ့​လောက်​​တော့ အလုပ်​ကိစ္စ​တွေကို​မေ့ထားပြီး သုတသွားချင်​တဲ့​နေရာ​တွေကိုသူကိုယ်​တိုင်​လိုက်​ပို့​ပေးမယ်​လို့စဉ်းစားမိခဲ့ခြင်းဖြစ်​သည်

ကလင်​ကလင်​📱
"သုတ သွားကြည့်​နှင့်​​နော်​ အစ်​ကိုဖုန်း​ပြောလိုက်​ဦးမယ်​.."

"ဟုတ်​.."

သုတကအရင်​အရုပ်​ဆိုင်​ထဲဝင်​သွားပြီး မင်းမြတ်​သီဟ ကအရုပ်​ဆိုင်​နဲ့မနီးမ​ဝေး​နေရာကထိုင်​ခုံတန်း​ပေါ်မှာထိုင်​ပြီး ဖုန်း​ပြော​နေ​လေသည်

"​အေး ​ဝေယံ​ပြော..ငါစုံစမ်းခိုင်းတာသိရပြီလား.."

"ဟုတ်​ကဲ့သခင်​​လေး မင်းသခင်​အခုတ​လော​​ကောင်​​လေးတစ်​​ယောက်​နဲ့ရင်းနှီး​နေတယ်​လို့​ပြောပါတယ်​.."

"​ကောင်​​လေးတစ်​​ယောက်​...ဘယ်​သူလဲ.."

"သူတို့လည်းမသိဘူးတဲ့သခင်​​လေး ဓာတ်​ပုံ​တော့ရိုက်​ထားတယ်​ ဒါ​ပေမယ့်​​ဝေးတဲ့အပြင်​​နောက်​​ကျောဖက်​က​နေရိုက်​ထား​တော့ဘယ်​သူလဲဆိုတာမသိရဘူး.."

"ငါ့ဆီပုံ​တွေ့ပို့လိုက်​.."

"ဟုတ်​ကဲ့.."
..............
အရုပ်​ဆိုင်​က​သေး​သေး​လေး​တော့မဟုတ်​ က​လေး​သေး​သေး​လေး​တွေ​ဆော့တဲ့အရုပ်​အပြင်​ Anime အရုပ်​​တွေ ဂိမ်းထဲကဇာတ်​​ကောင်​​တွေနဲ့ ကာတွန်းကားထဲကဇာတ်​​ကောင်​​တွေ ရဲ့အရုပ်​​တွေကိုပါ သူ့ကဏ္ဏနဲ့သူသက်​သက်​စီခွဲပြီးထားထားတာမို့ အရုပ်​Crazy​တွေအတွက်​ ​ရွေးရတာလည်းလွယ်​ကူသည်​ ဘယ်​အရုပ်​ကိုပဲကြည့်​ကြည့်​ လိုချင်​စရာ​တွေကြီးပင်​ ဆိုင်​ရဲ့Wallpaper​တွေကိုလည်းမျက်​စိ​အေး​စေတဲ့အ​ရောင်​​တွေပဲကပ်​ထားပြီး အလှဓာတ်​ပုံရိုက်​ချင်​တဲ့သူ​တွေအတွက်​လည်း​သေချာdecorationပိုင်းကိုလည်းပြင်​ထား​သော​ကြောင့်​ ဆိုင်​​လေးကတကယ်​ချစ်​ဖို့​ကောင်းသည်​ အရုပ်​​တွေကိုလိုက်​ကြည့်​ရင်းသုတအာရုံကိုဖမ်းစားလိုက်​တဲ့​နေရာက​တော့ Scobby Doo ကားထဲကCharacter​တွေရဲ့အရုပ်​​တွေပင်​ဖြစ်​သည်

Maung(Completed)Where stories live. Discover now