19

28.3K 2.4K 31
                                    

ကောင်းကင်​​ပြောခဲ့တဲ့စကား​တွေကသုတရဲ့ အ​တွေးထဲ​ရောက်​​ရောက်​လာသည်

'ဒီ​ကောင်​ကမင်းဆီကိုအကြံစည်​တခု​ကြောင့်​ချဉ်းကပ်​လာတာ'

"မဟုတ်​​သေးပါဘူး...ငါက​ငါ့ကိုအသားယူဖို့ကြံခဲ့တဲ့​ကောင်းကင်​ရဲ့စကား​ကြောင့်​ ​မောင့်​ကိုသံသယဖြစ်​​နေတာလား...မဖြစ်​သင့်​ဘူး..​မောင့်​ကငါ့ကိုတကယ်​ချစ်​ပါတယ်​.."

သုတရဲ့အကြည့်​​တွေက သခင်​​ပေးထားတဲ့ Callaပန်းစည်းဆီ​ရောက်​​သွား​တော့အလိုလိုပြုံးမိသွားသည်​ တကယ်​ပါပဲ​ ​မောင်​ကကဗျာဆန်​လိုက်​တာ

ကလင်​ကလင်​📱
Phone Contactမှာ​ပေါ်​နေတာက ​ကောင်းကင်​ရဲ့ဖုန်းနံပါတ်​ပင်​ သုတမမှတ်​ထား​ပေမယ့်​အလွတ်​​တောင်​ရ​နေပြီ ဘာဖြစ်​လို့များ​ကောင်းကင်​ကသူ့ဆီပဲဖုန်းဆက်​​နေရတာလဲ...ဒီတခါ​တော့အရင်​အ​ခေါက်​​တွေတုန်းကလိုမျိုး ဖုန်းမကိုင်​ပဲမ​နေ​တော့ပဲ ကိုင်​ပြီး​ကောင်း​ကောင်းကြီး​အော်​ပစ်​လိုက်​ဖို့ သုတစိတ်​ကူးမိပြီးဖုန်းကိုကိုင်​လိုက်​သည်

"ဘာလဲ...ဘာလို့အား​နေတိုင်းငါ့ဆီပဲဖုန်းဆက်​​နေတာလဲ ရှူးများ​နေတာလား..အချိန်​​တွေအရမ်း​ပေါ​နေလည်း ကင်းမြီး​ကောက်​ ​ထောင်​​နေလိုက်​.."

တစ်​ဖက်​က သုတရဲ့အသံစူးစူး​လေးကိုကြား​တော့ ​ကောင်းကင်​ပြုံးမိသည်​ သုတရဲ့ဒီလိုစွာသံမျိုးမကြားရတာ​တော်​​တော်​ကြာပြီပဲ ​ကျောင်းတုန်းကဆိုရင်​ သူ သုတရဲ့လက်​​တွေကိုအမြဲတမ်း ​ဘောပင်​နဲ့လိုက်​ခြစ်​ပြီးစ​​နောက်​တိုင်း သုတ ကအမြဲတမ်းဒီလို ပြန်​​ရန်​​တွေ့​နေကြပင်

"သုတ..."

"ဘာလဲ..မင်းအားတိုင်းဖုန်းမဆက်​.."

"​တောင်းပန်​ပါတယ်​​.."

ကောင်းကင်​ရဲ့​တောင်းပန်​စကားကြား​တော့သုတခဏအသံတိတ်​သွားသည်

"မင်းခွင့်​မလွတ်​နိုင်​ဘူးဆိုတာသိပါတယ်​..ဒါ​ပေမယ့်​ ငါ​တောင်းပန်​ချင်​တယ်​..​ကျေးဇူးပြုပြီးငါ့အမှားကိုပြင်​ဆင်​ခွင့်​​ပေးပါသုတရယ်​.."

Maung(Completed)Where stories live. Discover now