2

63K 4.4K 102
                                    

"သခင်​​လေး..ကျွန်​​တော်​တို့ဒီကိစ္စကိုဘယ်​လို​ဆောင်​ရွက်​လိုက်​ရမလဲ"

"​တောက်​..အဲ့ကုမ္ပဏီအ​ကြောင်း​သေချာထပ်​စုံစမ်းထား..မ​နေ့တ​နေ့ကမှတက်​လာတဲ့ကုမ္ပဏီက ငါမင်းမြတ်​သီဟကိုလာယှဉ်​ရဲတယ်​"

"ဟုတ်​တယ်​သခင်​​လေး..သူတို့က ကျွန်​​တော်​တို့အကွက်​​တွေကိုစားသွားတာများ​နေပြီ"

"​နောက်​တခါဒါမျိုးမဖြစ်​​စေနဲ့..ထပ်​လုပ်​မယ့်​​လေလံပွဲကိုငါကိုယ်​တိုင်​သွားမယ်​..မင်းတို့ကိုခိုင်းရင်​​စောက်​သုံးကိုမကျဘူး"

"အစ်​ကို.."

"သုတ...ဒီ​နေ့ပြန်​​ရောက်​တာ​စောတယ်​​နော်​"

အရမ်းချစ်​တဲ့ညီဖြစ်​သူကိုမြင်​လိုက်​​တော့မင်းမြတ်​သီဟရဲ့မျက်​နှာ​ပေါ်က​ဒေါသ​ကြောင့်​ခက်​ထန်​မှူ့​​တွေဟာနူးညံ့ကြင်​နာမှူအဖြစ်​​ပြောင်းသွား​လေသည်​..

"ဟုတ်​တယ်​..လိုချင်​တဲ့စာအုပ်​ကို​စော​စောရလို့​လေ..အစ်​ကိုအလုပ်​မှာအဆင်​မ​ပြေဘူးလားဟင်​"

"​ပြေပါတယ်​.."

"ခုနကကြည့်​ရတာမ​ပြေတဲ့ပုံပါ...ညီ​လေးလည်းတာဝန်​မကင်းသလိုခံစားရတယ်​..အရှူပ်​​တွေအားလုံးကိုအစ်​ကိုဆီပို့ထားမိ​နေသလိုပဲ"

"မဟုတ်​တာ သုတရာ...ညီ​လေး..အစ်​ကိုနဲ့အမြဲအတူရှိ​နေသ​ရွေ့..အစ်​ကိုအတွက်​အရမ်းအားရှိတယ်​..အဲ့ဒါ​ကြောင့်​မဟုတ်​တာ​တွေမ​တွေးရဘူး​နော်​"

"ဟုတ်​.."
...........................
"5နှစ်​ရှိခဲ့ပြီ​နော်​...မမဝတီ..ဒီနှစ်​​တွေအတွင်းမှာကျွန်​​တော်​မမကိုလုံးဝ​မေ့လို့မရဘူးဗျာ..​သေ​သောသူကြာရင်​​မေ့ဆိုတဲ့စကားကကျွန်​​တော့်​အတွက်​​တော့မှား​နေပုံပဲ"

မင်းသခင်​ဟာလက်​ထဲမှာကိုင်​ထားတဲ့ဓာတ်​ပုံထဲရှိပြုံးပြ​နေ​သောမိန်းက​လေးပုံ​လေးကိုဝမ်းနည်းစွာကြည့်​​နေသည်

"ဘာလို့များကျွန်​​တော့်​ကိုတစ်​​ယောက်​တည်းထားခဲ့ရက်​တာလဲ....အဲ့​ကောင်​ကမမအသက်​စွန့်​ဖို့အထိတန်​လို့လား..ဒါ​ပေမယ့်​စိတ်​ချပါ...ကျွန်​​တော်​သူ့ကိုပြန်​လက်​စား​ချေပြမယ်​..သူအရမ်းချစ်​တဲ့သူ့ညီမြတ်​သုတကိုသူ့ဆီက​နေ​ခေါ်ထုတ်​သွားမယ်​.."

Maung(Completed)Where stories live. Discover now