63

26.3K 2.1K 133
                                    

".....အာကာကဒီနေ့လာမယ်ဆိုတာသေချာလို့လားကောင်းကင်.."

"...သေချာပါတယ် ခဏပဲထပ်စောင့်လိုက်.."

Night clubရှေ့ရှိသစ်ပင်အောက်မှာကားကိုရပ်ကာ ကားထဲကနေစောင့်ကြည့်နေတဲ့သခင်နဲ့ကောင်းကင်....ဝတ်ထားတဲ့အဝတ်အစားတွေကလည်းမိန်းကလေးအဝတ်အစားဖြစ်၍စိတ်အိုက်နေကြတဲ့အပြင် အာကာကိုချောင်းရတာလည်းအမော

" ..ဟိုမှာ..ဟိုမှာလာနေပြီ..ကောင်းကင်.."

ကားပေါ်ကနေအခုမှဆင်းလာကာ ကလပ်ထဲဝင်ဖို့်ပြင်နေတဲ့အာကာကိုမြင်လိုက်တာနဲ့ 2ယောက်လုံးအသင့်ပြင်လိုက်ကြသည်

"အေး..ငါတို့ထွက်ရအောင်.."

ကားထဲကနေအမြန်ထွက်ကာ ကလပ်ထဲဝင်သွားတဲ့အာကာနောက်ကိုအမြန်လိုက်ရသည်

"Wow..ကိုအာကာ..ဒီနေ့နောက်ကျတယ်နော်.."

"ဟုတ်တယ်ဗျာ..သူဌေးရဲ့ကိစ္စတွေမပြီးသေးလို့.."

"ကဲပါ...ရောက်လာမှတော့အလုပ်ကိစ္စတွေဘေးချိတ်ထားလိုက်တော့..ပျော်ပျော်ပါးပါးသောက်ဗျာ..cheer.."

"Cheer.."

ဘားမှာထိုင်ကာလူတစ်ယောက်နဲ့စကားပြောပြီးသောက်နေတဲ့အာကာကို သခင်နဲ့ကောင်းကင်အဝေးကနေရပ်ကြည့်နေမိသည် ဒီအတိုင်းဝင်ရောလိုက်ရင်သိပ်သိသာသွားလိမ့်မယ်ဘယ်လိုလုပ်ရမလဲ..

"Wow..ဒီနေ့လာတာတန်သွားပြီကြည့်စမ်း..စော်အလန်းလေးတွေနဲ့တွေ့ရတယ်.."

မူးနေတဲ့ကောင်လေးတစ်ယောက်က သခင်နဲ့ကောင်းကင်ကိုမြင်တော့ အနားကိုလာကာ လာဖွန်ကြောင်သည်

"....သွားစရာရှိတာသွား..လာမရှူပ်နဲ့.."

"...စိတ်ကိုုလျှော့ပါbabyရာ.."

"..မင်းအဘဘေဘီကယောကျာၤးလေးကွ.."

အနားကိုလာပြီးပွတ်တီးပွတ်သပ်လာလုပ်နေ၍ ကောင်းကင်စိတ်မထိန်းနိုင်တော့ပဲ ထိုကောင်လေးကိုဆွဲထိုးဖို့ပြင်သည်

"....ကောင်းကင်ရိပ်..စိတ်ကိုအလိုမလိုက်နဲ့..ဆူဆူညံညံဖြစ်သွားရင် ငါတို့ကိစ္စမပြီးပဲနေလိမ့်မယ်.."

"......မင်းသွားတော့ကြာရင်မင်းမျက်ခွက်ကိုငါဆွဲထိုးမိလိမ့်မယ်.."

​Maung(Completed)Tempat cerita menjadi hidup. Temukan sekarang