အဆုံးမဲ့အချစ်

Start from the beginning
                                    

အိပ်မပျော်သူရဲ့အတွေးကမ္ဘာထဲအတိတ်ကဖြစ်ရပ်တို့ဝင်လာပြန်သည်။

"လမ်းခွဲကြစို့ "

သူ့စကားအဆုံး ဆယ်ဟွန်း မော့ကြည့်လိုက်ရင်းမျက်မှန်ကိုင်းလေးကိုပင့်တင်လိုက်သည်။

"မောင် ဘာဖြစ်ရပြန်ပြီလဲ "

"မင်းကိုငြီးငွေ့လာပြီ"

မောင်တစ်နေ့ထိုသို့ပြောလာမှာကိုဆယ်ဟွန်း
စိုးရိမ်နေခဲ့တာ။ဒီနေ့တော့ပြောလာချေပြီ။

"မဟုတ်ဘူးလေကွာ
မောင့်ကိုဟွန်းကဘာချုပ်ချယ်လို့လည်း
ကြိုက်ရာလုပ်ခွင့်ပေးထားတာဘဲ
ဟွန်း လမ်းမခွဲပေးနိုင်ဘူး
ကျန်တာကြိုက်သလိုလုပ် "

"အဟက် မင်းကရီရတယ်
ကြိုက်ရာလုပ်လမ်းတော့မခွဲပေးဘူး
ဟုတ်လား
ငါလိုချင်တာကလည်းမင်းလမ်းခွဲပေးတာဘဲ
ကဲ မင်းဘယ်လိုလုပ်ပေးမှာလဲ "

"ရော့ မင်းဘာသာလမ်းခွဲပေးချင်စိတ်မရှိလည်းငါကလမ်းခွဲဖို့ဆုံးဖြတ်ပြီးပြီ
လက်မှတ်ထိုးပြီးရင်ငါ့ဆီဖုန်းဆက် "

ဆယ်ဟွန်း မျက်စိရှေ့ကမောင်ကမ်းပေးသော
အရာကိုလှမ်းမယူဘဲတဘက်လွှဲနေတော့
လက်ကို ဆွဲယူကာအတင်းမောင်ထည့်ပေးသည်။

"ရူးချင်ယောင်ဆောင်မနေနဲ့
လက်မှတ်ထိုးစရာရှိထိုးပေး
မင်းကိုအက်ကြောင်းထပ်နေတဲ့စကားတွေ
ငါပြောချင်စိတ်မရှိတော့ဘူး "

"မောင် ဟွန်း တစ်ခုဘဲမေးမယ်
ဖြေပေးပါ "

ကြမ်းပြင်ပေါ်ထိုင်ရက်အနေအထားနဲ့ထွက်သွားတော့မယ့်မောင့်လက်ကိုလှမ်းဆွဲရင်း
မေးတော့....

လက်ကိုဆောင့်ရုန်းကာဖြေလိုက်သောမောင်

"ချစ်ခဲ့တယ်
တစ်ချိန်ကပေါ့၊ ငါ့ရင်သွေးကိုမင်းလက်နဲ့မသတ်ခင်အချိန်အထိငါချစ်ခဲ့တယ်၊ရပြီလား
မင်းကြားချင်နေတာဒီစကားမလား "

မောင့်စကားအဆုံးမှာဆယ်ဟွန်းရှိုက်ကြီးတငင်ငိုချမိပြီ။မောင်ကအခုထိအဲ့ကိစ္စကိုအထင်လွှဲဆဲ၊ဟွန်း က မောင့်ရင်သွေးလေးကိုသတ်တာ
ဖြစ်မလား။တကယ်မတော်တဆဖြစ်ရပ်ပါဆိုပြီးရှင်းပြလည်းမရ။

CHANHUN MINI STORY BOOK 1Where stories live. Discover now